DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံး
DVB
·
November 14, 2022
လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး သေဆုံး
Donate to DVB

ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ လောပိတမြို့ရှိ စစ်ကောင်စီ ခြေကုပ်စခန်းအတွက် ရိက္ခာပို့ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၁၀ က နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNDF တပ်ရင်း-၁၀ က ထုတ်ပြန်ပါတယ်။

လောပိတမြို့၊ ဘီလူးချောင်းအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လောထော်တောင်ပေါ်စခန်းကို ရိက္ခာပို့ဖို့ လက်နက်အပြည့်အစုံတပ်ဆင်ကာ အရပ်ဝတ်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို KNDF တပ်ရင်း-၁၀ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်နီးပါး ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဗိုလ်ကြီးအဆင့်တ‌ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း လောပိတမြို့အခြေစိုက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ကူပေးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ထဲက ၂ ယောက် လွတ်မြောက်ကာ စစ်ကောင်စီတပ်သားကိုင်ဆောင်တဲ့ MA-1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံတချို့နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာလည်း  ဒေါငံခါးကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း ဒီးမော့ဆိုအမှတ် ၁၁၀၂ တပ်ရင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့  အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက် ၁၁ နာရီမှာ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁ နာရီအတွင်း စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါငံခါးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲအတွင်း လက်နက်ကြီး အမြောက်အမြားနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ကလည်း လက်နက်ကြီး ပစ်ကူတွေလည်း အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကို အမြစ်ပြတ်တဲ့အထိ ဆက်လက်ချေမှုန်းမယ်လို့ အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ် ၁၁၀၂ တပ်ရင်းက ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်း နိုဝင်ဘာလမှ ဒီနေ့အချိန်အထိ ထိတွေ့တိုက်ပွဲငယ်တွေနဲ့ အလစ်အငိုက် တိုက်ခိုက်မှုတွေသာ အများဆုံးဖြစ်ပွားခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတောမြို့နယ်တွေအတွင်း တိုက်ပွဲ စုစုပေါင်း ၁၃ ကြိမ်နီးပါး ဖြစ်ပွားခဲ့ကာ အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ‌ေယာက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရင်ဆိုင်တိုက်ပွဲတွေကို သတ္တိရှိရှိ မပြုလုပ်ရဲဘဲ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကျေးရွာတွေအတွင်း နေ့စဥ် လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဗဟိုက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013