DVB Logo
Home
မြန်မာသတင်း
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ပူးပေါင်းလုပ်ဆောင်မည်ဟု သမ္မတ ဘိုင်ဒင်ပြော
DVB
·
November 14, 2022
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် ပူးပေါင်းလုပ်ဆောင်မည်ဟု သမ္မတ ဘိုင်ဒင်ပြော
Donate to DVB

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အသေအချာ အကောင်အထည်ဖော်ဖို့  အာဆီယံနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံအရေးကိစ္စတွေ ပြောဆိုပြီးနောက် အမေရိကန်သမ္မတက ပြောဆိုခဲ့တာလို့ သမ္မတအိမ်ဖြူတော်ကနေ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

သမ္မတဘိုင်ဒင်က “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရတာ မြင်တွေ့ရဖို့ ကျနော်တို့ အခိုင်အမာ ဆက်လက် သန္နိဋ္ဌာန်ချထားပြီး ဘုံသဘောတူညီချက် ၅ ချက်ကို အသေအချာ အကောင်အထည်ဖော်ဖို့ အာဆီယံနဲအတူ လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။ 

အမေရိကန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေနဲ့အတူ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွေမှာ ပိုမိုထောက်ပံ့ကူညီသွားဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံ ၉ နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အာမခံကတိပေး ပြောကြားသွားပါတယ်။ 

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့  တက်ရောက်ခွင့် မရခဲ့ပါဘူး။ 

Photo Credit- Cambodia PM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013