DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်း ၃ ခုကို ကေအန်ယူတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
DVB
·
November 14, 2022
စစ်ကောင်စီတပ်စခန်း ၃ ခုကို ကေအန်ယူတိုက်ခိုက်၊  လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်း ၃ ခုကို တစ်ရက်အတွင်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်းရမိတယ်လို့ ကေအန်ယူ ဗဟိုက နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇) နဲ့ တပ်ရင်း (၉) တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ရဲ့ သံဆိပ်စခန်း၊ ဘောကထာစခန်းနဲ့ တုံးတံတာစခန်းတို့ကို နိုဝင်ဘာ ၁၂ ရက် မနက် ၄ နာရီက စတင် တိုက်ခိုက်ခဲ့ရာမှာ မနက် ၁၁ နာရီခွဲလောက်မှာ  စခန်းသုံးခုစလုံးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါ စခန်းတွေကနေ MA အမျိုးစားသေနတ် (၈) လက်၊ ကျည်ဆန် (၃၀၇၀) တောင့်၊ 9mm (၂) လက်၊ 81mm (၁) လက်၊ 81mm ကျည် (၆၈) လုံး၊ 60mm အရှည် (၁) လက်၊ 60mm အတို (၄) လက်၊ 60mm ကျည် (၁၁၃) လုံး၊ RPG-7 (၁) လက်၊ RPG-7 ကျည် (၇၇) လုံး၊ လက်ပစ်ဗုံး (၂၈) လုံး၊ Short Gun (၁) လက်၊ Short Gun ကျည် (၈၈) တောင့်၊ M14 ခြေနင်းမိုင်း (၁၀) လုံး၊ တိုက်မိုင်း (၁၀) လုံး၊ ကျည်ဘောက် (၂၇) ခုနှင့် မိုင်းရှာစက် (၁) ခု တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စခန်းတွေကို တိုက်ခိုက် ရှင်းလင်းနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် ၂၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့  စခန်းအတွင်းရှိ ပစ္စည်းတွေ အကုန်ယူဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ဖူးလို့ လည်း ဆိုပါတယ်။

နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူလူထုအားပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ကျေးရွာအုပ်စု ၃ အုပ်စု၊ ကျေးရွာပေါင်း ၁၈  ရွာမှ ပြည်သူလူထုပေါင်း ၂၀,၀၀၀ ကျော် အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်  ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်း တိုက်ပွဲပေါင်း ၃၈၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်  ၄၈၀ သေဆုံး၊  ၂၂၀ ဒဏ်ရာရခဲ့ကာ  တပ်စခန်း ၇ လုံးတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဧပြီ ၅ ရက်ကစပြီး  KNLA တပ်က ဒရုန်းတွေသုံးပြီး လေကြောင်းမှ စတင်တိုက်ခိုက်ခဲ့ရာမှာ  ယနေ့အချိန်ထိ တိုက်ခိုက်မှုပေါင်း ၆၄ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ သေဆုံးကာ  ၄၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ရာနဲ့ချီ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Photo- KNU

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013