DVB Logo
Home
မြန်မာသတင်း
ဝမ်ပေါင်ကုမ္ပဏီနှင့်ရွှေဘိုကညနရုံး ရဲကင်းများ ပစ်ခတ်ခံရ၊ ချောင်ဦး PDF နှင့် ပျူစောထီးအဖွဲ့ တိုက်ပွဲဖြစ်
DVB
·
November 13, 2022
ဝမ်ပေါင်ကုမ္ပဏီနှင့်ရွှေဘိုကညနရုံး ရဲကင်းများ ပစ်ခတ်ခံရ၊ ချောင်ဦး PDF နှင့် ပျူစောထီးအဖွဲ့ တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး-ယင်မာပင်သွား ကားလမ်းဘေးက ဝမ်ပေါင်ကုမ္ပဏီအစောင့် ရဲကင်း နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီကျော်က ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေက ပြောတယ်။

ပစ်ခတ်ခံရပြီးနောက် ဝမ်ပေါင်ကုမ္ပဏတခုလုံး လျှပ်စစ်မီးတွေ ပိတ်ထားတယ်လို့ ဝမ်ပေါင်ဝန်ထမ်းတဦးက ပြောပါတယ်။ 

“ညက အပစ်ခံရတယ်။ ဘယ်အဖွဲ့က လာပစ်တယ်တော့ မသိဘူး။ အပစ်ခံရတဲ့ ရဲကင်းက ပုံမှန် ရဲ ၅ ဦး စောင့်တယ်။ အသေအပျောက် ရှိလားတော့ မသိရဘူး” လို့ ပြောပါတယ်။

အခုလို ပစ်ခတ်ရတာဟာ နိုဝင်ဘာ ၁၁ ရက်က ဆာလင်းကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့တဦး သတ်ဖြတ်ခံရတဲ့အပေါ် လက်စားချေတာလို့ ဆာလင်းကြီးမြိုနယ် MRDA မြန်မာတော်ဝင်နဂါး တပ်ခွဲ တာဝန်ခံ တကိုယ်တော်သုဘရာဇက ပြောပါတယ်။

“ပစ်တာက ၄၀ မမ နဲ့ မီတာ ၁၀၀ ကပစ်ခဲ့တာ။ တလုံးပဲ ပစ်နိုင်ခဲ့တယ်။ ၂ ဦး သေတယ်လို့ သိရတယ်။ ကျနော်တို့ဘက်က အသေအပျောက် မရှိဘူး။”

ဆာလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့  ပြည်သူကာကွယ်ရေးအဖွဲ့တို့ စစ်ရေး  တင်းမာနေကာ စစ်ကောင်စီတပ်က ညောင်ပင်ကြီး-ယင်းမာပင်လမ်း၊ မုံရွာ-ပုသိမ်လမ်း စတဲ့ လမ်းဆုံကနေ နိုဝင်ဘာ ၁၃ ရက် မနက်ခင်းမှာ စစ်ဆေးရေး  လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ကညနရုံးရှိ ဂိတ်စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁၂ ရက်က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ  စစ်သား ၂ ယောက် သေဆုံး သွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ကညနရုံးကို ၄ မမ ဗုံးသီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရည်ရွယ်ထားတဲ့ ပစ်မှတ်အသီးသီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Black Wolf - PDF မှ တာဝန်ရှိသူက ပြောပါတယ်။

"ပစ်မှတ်ကို ထိထိရောက်ရောက် ပစ်ခတ်နိုင်ခဲ့ပါတယ်။ သေတဲ့ ၂ ကောင်အပြင် ဒဏ်ရာရတဲ့ ကောင်တွေလည်း ရှိတယ်။ အတွင်းထဲ အော်သံတွေဆူညံသွားတာပဲ။"

တိုက်ခိုက်မှုအတွင်း ကညနရုံးအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ ကင်းတဲဂိတ် (ဘန်ဘာ) အနီးမှာ ၁ လုံး၊ ရုံးခေါင်မိုးပေါ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စုဖွဲ့ထိုင်နေတဲ့နေရာအတွင်းမှာ ၂ လုံး ထပ်မံ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့က အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ပြီး သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို လူမှုရေးကားနဲ့ တင်သွားကြတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ အောက်တိုဘာလအတွင်းက ကျဆုံးသွားတဲ့ Black Wolf - PDF မှ ရဲဘော် ၄ ယောက်အတွက် လက်တုန့်ပြန်တာလို့ ဒေသကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

မနေ့မနက် ၁၁ နာရီခွဲလောက်ကလည်း ရွှေဘိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့က ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့များက အနီးကပ်ပစ်ခတ်ခဲ့ရာမှာ စစ်သား ၁ ယောက် သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ်အတွင်း ချောင်းဦးပြည်သူကာကွယ်ရေးတပ်၊ မဟာမိတ် ပူပေါင်းကင်းလှည့်အဖွဲ့နဲ့ ကံကြီးကုန်း ပျူစောထီးတို့ နိုဝင်ဘာ ၁၂ ရက် မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၃ ယောက် သေဆုံးတယ်လို့ Chaung U Local Defence Force (CLDF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ရဲဘော်တွေက ကင်းလှည့်နေတာနဲ့ ကံကြီးကုန်းကျေးရွာက ထွက်ခွာလာတဲ့ ပျူစောထီးတွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပျူစောထီးဘက်က သုံးဦး သေဆုံးတယ်။ ကျနော်တို့ ရဲဘော်ဘက်က အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။”

အဲဒီတိုက်ပွဲမှာ Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ၊ မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း နဲ့ Chaung U Revolution Army (CRA) အဖွဲ့တွေ ပူးပေါင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီခြားအတည် မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013