DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်
DVB
·
November 13, 2022
ဖယ်ခုံတွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်
Donate to DVB

ရှမ်းကယားနယ်စပ်  ဖယ်ခုံမြို့ အခြေစိုက် ခမရ ၃၃၆ တွင် တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား တယောက်ဟာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MBPDF ဆီကို လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDM လုပ်လာတယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် (MBPDF) က နိုဝင်ဘာလ ၁၂ ရက် ညက  ထုတ်ပြန်ပါတယ်။ 

CDM လုပ်လာတဲ့ တပ်သားဟာ တပ်မ ၅၅ အခြေစိုက် ခမရ ၅၁၁ မှ ကိုယ်ပိုင်နံပါတ် တ-၅၆၅၅၉၀ တပ်သား တင်ဝင်းဖြစ်ပြီး  နိုဝင်ဘာ ၉ ရက်နေ့က မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၁၀၀၁ တပ်ရင်း၊ တပ်ခွဲ ၂ သိန်းငှက်တပ်ခွဲဆီ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တာလို့ သိရပါတယ်။ 

ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ တပ်သား တင်၀င်းက  “ကျနော် စစ်တပ်ထဲ၀င်လာတာ ၂ နှစ်ခွဲလောက်ရှိပြီ။ ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ ကို ရောက်လာတာ ၉ လကျော်ရှိပါပြီ။ အထက်ကဗိုလ်တွေရဲ့ လုပ်ဆောင်ချက်တွေ၊ စနစ်ဆိုးတွေကို မကြိုက်နှစ်သက်ခဲ့ပါဘူး။ တပ်ထဲမှာ ဖိနှိပ်ချုပ်ချယ်မှုများ၊ ပျက်စီးယိုယွင်းမှုများ မြောက်မြားစွာရှိနေတာကြောင့်  ပြည်သူ့ရင်ခွင်ကို ခိုလှုံရန်ဆုံးဖြတ်ခဲ့တာပါ” ဆိုတဲ့ ပြောဆိုချက်ကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM တပ်သား တင်၀င်းကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၁၀၀၁ တပ်ရင်းက ဆုငွေ ကျပ်သိန်း ၂၀ နဲ့ ပြည်သူ့သားကောင်းအဖွဲ့မှ ဆုငွေ သိန်း ၂၀ ကျပ်တိတိကို ပေးအပ်ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလကလည်း မိုးဗြဲမြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း ၂ ဆီကို CDM ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013