တောင်ဆူဒန်အစိုးရနှင့် သူပုန်အဖွဲ့တွေကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိ

ကုလသမဂ္ဂရဲ့ နောက်ဆုံးအဖွဲ့ဝင် တောင်ဆူဒန်နိုင်ငံမှာ အစိုးရနဲ့ သူပုန်အဖွဲ့တွေကြား ငြိမ်းချမ်းရေး သဘောတူညီမှု မေလ ၉ ရက်နေ့က ရရှိခဲ့ကြပြီး ၅ လကြာ တိုက်ခိုက်မှုတွေကို ရပ်စဲလိုက်ပါတယ်။

ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို စတင်အကောင်အတည်ဖော်မှာဖြစ်ပြီး အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းရေး၊ အခြေခံဥပဒေသစ် ပြန်လည်ရေးဆွဲရေးနဲ့ ရွေးကောက်ပွဲကျင်းပရေးတွေကို တဆင့်ချင်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အသွင်ကူးပြောင်ရေးအစိုးရကို ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

South Sudanတောင်ဆူဒန်ပြည်တွင်းစစ်အတွင်း လူတွေထောင်ချီသေဆုံးခဲ့ပြီး အုပ်စုလိုက် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတွေကို နှစ်ဖက်စလုံးက လုပ်ဆောင်ခဲ့ကြတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းခေါင်းဆောင်နှစ်ဦးပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြပြီး အီသီယိုပီးယားနိုင်ငံမှာ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

၂၄ နာရီအတွင်း အပစ်အခတ်ရပ်စဲပြီး လူသားချင်းစာနာမှု အကူအညီတွေကို ၀င်ခွင့်ပြုဖို့ နှစ်ဖက်ခေါင်းဆောင်တွေ တပ်တွေ ညွန်ကြားခဲ့ပါတယ်။ ဇန်န၀ါရီလကလည်း အပစ်အခတ် ရပ်စဲရေး တူညီခဲ့ကြပေမယ့် နှစ်ဖက်အပြန်အလှန် အကြမ်းဖက်မှုတွေကို မရပ်ဆိုင်းခဲ့ပါဘူး။

တောင်ဆူဒန် သမ္မတကီရာက ဒုသမ္မတမာချာကို အာဏာသိမ်းဖို့ ကြိုးစားမှုနဲ့ ရာထူးက ဖြုတ်ချခဲ့ပြီး သမ္မတနှစ်ဦးရဲ့ လူမျိုးစုနှစ်ခုအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကုလသမဂ္ဂတပ်ဖွဲ့ဝင် ၈၅၀၀ လောက် အခြေအနေကို ၀င်ရောက်ထိန်းသိမ်းခဲ့ကြပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။

အာဖရိက ငြိမ်းချမ်းရေးတပ်တွေရဲ့ အကြီးအကဲ စမေးချာဂူအီက အခုလို ငြိမ်းချမ်းရေး သဘောတူညီမှု ရပေမယ့် တောင်ဆူဒန်မှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖိုလွယ်ကူမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ တောင်ဆူဒန်ဟာ ဆူဒန်နိုင်ငံကနေ ၂၀၁၁ က ခွဲထွက်ထူထောင်ခဲ့ပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခု ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up