Home
မြန်မာသတင်း
မော်လမြိုင်မြို့၌ အသတ်ခံထားရသည့် အမျိုးသားတဦးအလောင်း တွေ့ရှိ
DVB
·
November 12, 2022
314912402_445591681068935_4646188154823049755_n

မွန်​ပြည်နယ် မော်လမြိုင်မြို့ မြေနီကုန်းဘူတာအတက်ဘက် ဘုရားနှစ်ဆူကျောင်းဘက်နေရာမှာ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်က အသတ်ခံထားရတဲ့ အမျိုးသားလောင်း တလောင်း တွေ့ရှိရတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လူမှုကယ်ဆယ်ရေးသမားတဦးက “အသတ်ခံထားရတဲ့အမျိုးသားဟာ ဆိုင်ကယ်ပွဲစား မုတ်ဆိတ် (ခ) ဇော်ဇော်လို့ သိထားရတယ်။ လက်ရောခြေရော ကြိုးတုပ်ထားပြီး အသတ်ခံထားရတာ။ အလောင်းကကြာပြီး ကြည့်ရှုလို့ မသင့်ဘူး” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နာရေးကူညီမှုအဖွဲ့တွေ သက်ဆိုင်ရာ တာ၀န်ရှိသူတွေက ရုပ်အလောင်း သယ်ဖို့ လုပ်ဆောင်နေပြီး အသတ်ခံထားရတဲ့အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။

မွန်​ပြည်နယ်အတွင်းမှာတော့ ခိုးဆိုးလုယက်လူသတ်မှုတွေက စစ်ကောင်စီလက်ထက်မှာ ဒါဇင်နဲ့ချီရှိပြီး စစ်ကောင်စီရဲ့လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေဟာ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းလည်း မရှိသေးတဲ့အပေါ်မှာ ပြည်သူတွေကြား ဝေဖန်မှုတွေ တနေ့တခြားမြင့် တက်လာနေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024