DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ပျက်ကွက်ခဲ့ဟု နိုင်ငံတကာအသိုက်အဝန်းကို ဂူတာရက်စ် အပြစ်တင်
DVB
·
November 12, 2022
မြန်မာ့အရေး ပျက်ကွက်ခဲ့ဟု နိုင်ငံတကာအသိုက်အဝန်းကို ဂူတာရက်စ် အပြစ်တင်
Donate to DVB

နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာနိုင်ငံအရေးကို ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၁၂ ရက်က ပြောကြားခဲ့ပါတယ်။ 

ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပျက်ကွက်ခဲ့တဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တစိတ်တပိုင်းပဲဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေရဲ့ ဆင်းရဲဒုက္ခ အလွန်ကြီးမားပါတယ်လို့ ဂူတာရက်စ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး တက်ရောက်လာခြင်းကို အဆုံးသတ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ 

“မြန်မာ့အရေးနဲ့ ပတ်သက်ရင် အားလုံးပျက်ကွက်ခဲ့ကြတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးက ပျက်ကွက်ခဲ့ကြတာပါ။ မြန်မာနိုင်ငံသားတွေ ဘေးဒုက္ခ ခံစားနေကြရတာကို မြင်တွေ့နေရတာဟာ စိတ်ထိခိုက်စရာ ကောင်းပါတယ်။”

မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး အင်ဒိုနီးရှားအစိုးရနဲ့ အလွန်ကို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ခဲ့တယ်လို့ လည်း ကုလအတွင်းရေးမှူးချုပ် ဂူတားရက်စ်က ပြောပါတယ်။ 

“အင်ဒိုနီးရှား သမ္မတနဲ့အတူ မြန်မာ့အရေးမှာ ကျနော်တို့အတူရင်းနှီးစွာပူးပေါင်း ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှား အစိုးရပေါ်မှာ ကျနော်ယုံကြည်ပါတယ်။ အင်ဒိုးနီးရှားအစိုးရဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို တိုးတက်အောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ရဲ့ အထူးကိုယ်စားလှယ်ဟာလည်း အာဆီယံကိုယ်စားလှယ်နဲ့အတူ အပြည့်အဝပူးပေါင်းကာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံမှာ စိတ်ထိခိုက်စရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ရေးတို့ကို ဖော်ဆောင်နိုင်မယ့်  ဒီမိုကရေစီအသွင်ကူးပြောင်းရေး အခြေအနေတွေဖန်တီးဖို့ အသင့်ရှိနေပါပြီ”

အင်ဒိုနီးရှားအစိုးရအနေနဲ့ ဒီအစီအစဉ်ကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ တင်ပြနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေကို လွတ်လွတ်လပ်လပ် လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သူပြောထားသလို အခြေအနေကိုထူထောင်ဖို့ ဖန်တီးနိုင်ရေးအတွက် သူ့ရဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ဟာလည်း အာဆီယံသံတမန်နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013