DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်း ပင်ခုတ်ရွာတွင် စစ်ကောင်စီ၊ SNA ပူး‌ပေါင်းစစ်ကြောင်းနှင့် PDF တိုက်ပွဲပြင်းထန်နေ
DVB
·
November 12, 2022
ဟုမ္မလင်း ပင်ခုတ်ရွာတွင် စစ်ကောင်စီ၊ SNA ပူး‌ပေါင်းစစ်ကြောင်းနှင့် PDF တိုက်ပွဲပြင်းထန်နေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ အင်အား ၄၀၀ ကျော် ပါ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ် (SNA) ပူးပေါင်းအဖွဲ့နဲ့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်တို့ နို၀င်ဘာ ၁၁ နေ့ကစတင်ပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီပူးပေါင်းပေါင်းတပ်က စစ်ကြောင်း ၄ ကြောင်းခွဲကာ ပင်ခုတ်၊ နထယ်၊ နချော့ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ကူယူပြီး ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။ 

ဒေသခံတဦးက “မနေ့ညနေ လေးနာရီခွဲ ငါးနာရီကနေ စတဲ့တိုက်ပွဲက အခုထိဖြစ်နေတုန်း။ စစ်တပ်ကော၊ SNA ပေါင်းပြီး ထိုးစစ်ဆင်နေတယ် ဝိုင်းပတ်ပြီးတော့လေ။ ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်မှာ အဓိက စစ်ကြောင်းထိုးတာက ပင်ခုတ်၊ နထယ်၊ နချော့ ပင်ခုတ်ကို ဦးတည်ပြီး ထိုးလာတယ်။ ပင်ခုတ်မှာ အခုဖြစ်နေတယ် တိုက်ပွဲက၊ ပြည်သူလည်း တယောက်မှ မရှိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့  SNA ရှမ်းနီတပ်ပူးပေါင်းစစ်ကြောင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ပင်ခုတ်ကျေးရွားအတွင်း ကျရောက်ပေါက်ပွဲတာကြောင့် ပြည်သူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ရွာလုံးကျွတ်တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းမှာ SNA လုံး၀ပါတယ်။ ဘက်တံဆိပ်တွေကို မြင်ရတယ်။ လက်နက်ကြီးက ပင်ခုတ်ရွာထဲကျပြီး ပြည်သူ့နေအိမ် နှစ်လုံးမီးလောင်နေပြီ။ ရွာသားတွေလည်း ထွက်ပြေးကုန်ကြပြီ” လို့ ဒေသခံတဦးကလပြောပါတယ်။

စစ်ကောင်စီတပ်နဲ့  SNA ရှမ်းနီတပ်ပူးပေါင်းစစ်ကြောင်းတွေကို ဟုမ္မလင်း PDF၊ ခန္တီးခရိုင် PDF တပ်ရင်း ၁၊ ဟုမ္မလင်း PDF 124၊ မိုးကြိုတပ်ဖွဲ့တို့ ပူးပေါင်းခုခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

SNA ရှမ်းနီတပ်ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး PDF တပ်တွေကို ထိုးစစ်ဆင်နေတယ်လို့ မျက်မြင်သက်သေတွေကို ပြောဆိုတဲ့အပေါ် အတည်ပြုနိုင်ဖို့ SNA ရှမ်းနီတပ်ကို ဆက်သွယ်ပေမယ့် မရသေးပါဘူး။

လက်ရှိ ခုခံတွန်းလှန်နေတဲ့ ဟုမ္မလင်းမြို့နယ်က ပြည်သူကာကွယ်ရေးပူးပေါင်းတပ်တွေဟာ လူသူလက်နက်အင်အား နည်းပါးနေတာကြောင့် အခြားသောတပ်တွေအနေနဲ့ ဝန်းရံပေးဖို့ လိုအပ်နေတယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013