DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးတွင် စစ်တပ်ထုတ်ကုန်များ သိမ်းဆည်းဖျက်ဆီးခံရ
DVB
·
November 12, 2022
ဆားလင်းကြီးတွင် စစ်တပ်ထုတ်ကုန်များ  သိမ်းဆည်းဖျက်ဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင်းရှိ အာဏာသိမ်းစစ်အုပ်စုရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ အရက်ဘီယာ ရောင်းချနေတဲ့ ကုန်စုံဆိုင်ကို ရှာဖွေစစ်ဆေးခဲ့ပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Chindwin Galone Yarzar Guerrilla Defense Force က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုနဲ့ ပတ်သတ်ဆက်နွှယ်နေတဲ့ ထုတ်ကုန်ပစ္စည်းတွေ မရောင်းချဖို့ ကုန်စုံဆိုင်ကို အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ မလိုက်နာတာကြောင့် အခုလို ဖမ်းဆီးသိမ်းဆည်းဖျက်ဆီးရတာလို့ ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

Chindwin Galone Yarzar Guerrilla Defense Force တာဝန်ရှိသူက "အရင်ကတည်းက ရောင်းချနေတာ ကြာပြီ။ အဲဒါကို သိလို့ အကြိမ်ကြိမ် နုတ်နဲ့ရော၊ စာနဲ့ပါ သတိပေးခဲ့တယ်။ ဒါကို အလေးမထားဘဲ ဆက်ပြီး ရောင်းချနေလို့ ဖမ်းဆီးပြီး သိမ်းဆည်းဖျက်ဆီးရတာပါ။ ဆိုင်ရှင်တွေကိုတော့ နောက်နောင် အခုလို ရောင်းချတာမျိုးတွေ မလုပ်ဖို့နဲ့ ထပ်ရောင်းမယ်ဆိုရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ နောက်ဆုံးအကြိမ် သတိပေးထားတယ်။" 

အဲ့ဒီ သိမ်းဆည်းဖျက်စီးခဲ့တဲ့ ပစ္စည်းတွေထဲမှာ Dragon ၊ Mandalay Rum ၊ Myanmar Beer ၊ Andaman Gold ၊ Mytel Sim Card နဲ့ Mytel bill တို့အပြင် လေသေနတ် ၁ လက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချခြင်းမပြုလုပ်ကြဖို့နဲ့ ရောင်းချတဲ့ ဆိုင်၊ အဖွဲ့အစည်း၊ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်ကြောင်း၊ ပြည်သူတွေအနေနဲ့လည်း ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့နဲ့ စစ်အုပ်စုရဲ့ ထုတ်ကုန်ရောင်းချတဲ့ ဆိုင်တွေကို လူ့အသိုင်းဝိုင်းမှ ဖယ်ကျင်ကာ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်သွားကြဖို့လည်း ဒေသကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013