DVB Logo
Home
မြန်မာသတင်း
အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ကြေညာ
DVB
·
November 12, 2022
အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ကြေညာ
Donate to DVB

၂၀၂၂ မိုးစပါးနဲ့ နွေစပါးရာသီအတွက် အခြေခံရည်ညွှန်းစပါးဈေးကို စပါးတင်း ၁၀၀ ကို ကျပ် ၆၃၀,၀၀၀ သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီရဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။ 

စပါးအရည်အသွေးသတ်မှတ်ချက်တွေကတော့ အရင်နှစ်တွေကအတိုင်း မပြောင်းလဲပဲ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်တဲ့ အရည်အသွေးသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ စပါးတစ်တင်းကို ၄၆ ပေါင်ကိုက်၊ စပါးတင်း ၁၀၀ ရဲ့ ဈေးနှုန်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ထုတ်ပြန်လိုက်တဲ့စပါးဈေးက ဈေးကွက်ပေါက်ဈေးအောက်ရှိနေရင် ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချနိုင်ပြီး ပေါက်ဈေးအောက်လျော့နည်းနေပါက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ မြန်မာနိုင်ငံ ဆန်စပါးအသင်းတွေအပါအဝင် အသင်းချုပ်နဲ့လည်း ဆက်သွယ်ရောင်းချနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်ကို ဥပဒေအရ စပါးသီးနှံစိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ဖြစ်လာဖို့ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မိုးစပါးရာသီမှာတော့ စပါးဈေးက တင်း ၁၀၀ ကို ကျပ်ဆယ်သိန်း ဝန်းကျင်ဈေး ရှိခဲ့ပေမဲ့ ဓာတ်မြေသြဇာဈေးကြီးလို့ အသုံးမပြုနိုင်တာ၊ ပိုးကျလို့ အပင်ပျက်စီးတဲ့အတွက် ၁ ဧကစပါးအထွက်နှုန်းတွေ လျော့ကျခဲ့ပါတယ်။ အဲ့ဒီလို လျော့ကျခဲ့လို့ စပါးဈေးကောင်းခဲ့ပေမဲ့ တောင်သူတွေမှာတော့ အကျိုးအမြတ်နည်းပါးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ တောင်သူလယ်သမား အများစုစိုက်ပျိုးကြတဲ့ ဧည့်မထ အုပ်စုဝင် စပါးအကြမ်းတွေက တောင်သူတွေမှာ ရောင်းချထားကြပြီး သီးထပ်စိုက်ပျိုးဖို့အတွက် ပြင်ဆင်နေကြချိန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစျေးနှုန်းသတ်မှတ်ချက်ကို ၂၀၁၈ ခုနှစ်က စတင်သတ်မှတ်ထုတ်ပြန်ခဲ့တာပါ။

စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ စျေးကွက်နဲ့ စျေးနှုန်း ဖြစ်ပေါ်စေရေးအတွက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့  အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီ နှစ်စဥ်အောက်တိုဘာလအတွင်း သတ်မှတ်ထုတ်ပြန်ပေးလေ့ရှိပေမဲ့ အခုနှစ်မှာတော့ ၁ လ နောက်ကျပြီးမှ ထုတ်ပြန်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ခုနှစ်မှာ အခြေခံရည်ညွှန်းစပါးစျေးက စပါးတင်း ၁၀၀ ကို ကျပ် ၅၄၀,၀၀၀ နှုန်း သတ်မှတ်ပေးခဲ့ပြီး အခု ၂၀၂၂-၂၀၂၃ ခုနှစ် မှာတော့ ကျပ် ၆၃၀,၀၀၀ သတ်မှတ်လိုက်တာကြောင့် ၉၀၀,၀၀၀ လောက် တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ ပြီးခဲ့တဲ့နှစ် မိုးစပါးစိုက်ပျိုးစဉ်က စိုက်ပျိုးရေးသွင်းအားစု ဈေးနှုန်းတွေဟာ အရင်က ဈေးနှုန်းနဲ့ ယှဉ်ရင် သုံးဆလောက် မြင့်တက်နေတဲ့အပြင် စက်သုံးဆီဈေးနှုန်းတွေဟာလည်း အရင်နှစ်တွေကထက် နှစ်ဆကျော်လောက်မြင့်တက်နေသလို တခြားကုန်ဈေးနှုန်းတွေကလည်း နှစ်ဆလောက်မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013