ထီးချိုင့်မြို့နယ်၊ ကြက်သရေချောင်းရွာနီးမှာ ဒီနေ့ မနက် ၉ နာရီက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပြည်သူကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
“သူတို့ မထင်မှတ်ထားတဲ့ နေရာကနေ အလစ်စပစ်တာ။ ပစ်ဆုတ် ဆုတ်တာရယ်၊ ပြောက်ကျားစနစ်ရယ်၊ နယ်မြေကျွမ်းကျင်မှုကို အသုံးချနိုင်ခဲ့လို ကျနော်တို့ဘက်က အထိခိုက်မရှိဘူး။ သူတို့ဘက်ကတော့ ၂၀ ထက်မနည်း အထိခိုက်အကျအဆုံးရှိမယ်။ အတိကျတော့ မသိရဘူး။ အဲလို အထိခိုက်များလို့ ရွာကိုမီးရှို့တယ်။ မီးရှို့တာက နေ့လယ် ၁ နာရီလောက်က စရှို့တယ်။ အိမ်ခြေ ၂၀ လောက် မီးလောင်သွားတယ်” လို့ ဒေသခံခေါင်းဆောင်တဦးက ပြောပါတယ်။
ဒေသခံတွေကတော့ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားချိန်ကစလို ရွာအတွင်းကနေ ထွက်ပြေးတိမ်းရောင်နေကြရပြီး အခုအချိနိအထိ ရွာထဲမဝင်ရဲသေးဘူးလို့ ဆိုပါတယ်။