DVB Logo
Home
မြန်မာသတင်း
ပြောင်းခင်းများကို လယ်ကြွက်များ ဖျက်ဆီးသဖြင့် ဓနုဖြူတောင်သူများ အခက်တွေ့
DVB
·
November 11, 2022
ပြောင်းခင်းများကို လယ်ကြွက်များ ဖျက်ဆီးသဖြင့် ဓနုဖြူတောင်သူများ အခက်တွေ့
Donate to DVB

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ကမ်းငူကြီးကျေးရွာအုပ်စုထဲက ကျေးရွာ‌တွေမှာရှိတဲ့ ပြောင်းခင်းတွေမှာ လယ်ကြွက်တွေ ဝင်ရောက်ဖျက်ဆီးလို့ ပြောင်းခင်းတွေပျက်စီးပြီး နှစ်ခါပြန် စိုက်ပျိုးနေရတဲ့အတွက် အခက်တွေ့နေကြတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

အောက်တိုဘာလဆန်းလောက်ကစပြီး လယ်ကြွက်တွေ ဝင်ရောက်ဖျက်ဆီးနေတဲ့အတွက် ပြောင်းခင်းတွေကို ပြန်ဖျက်ပြီး အသစ်ပြန်စိုက်ပျိုးရသလို ကြွက်သတ်ဆေး၊ ပြောင်းစေ့၊ အစာအိတ်နဲ့ တခြားစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်တွေ ပိုပြီးကုန်ကျနေတယ်လို့ ဆိုပါတယ်။

အဲဒီလို လယ်ကြွက်တွေ သောင်းကျန်းနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကို တောင်သူတွေက သွားရောက် အကူအညီ တောင်းခံခဲ့ပေမဲ့ အကူအညီပေးတာမျိုး မရှိတာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဖြေရှင်းနေရတယ်လို့ ဒေသခံတောင်သူတယောက်က ပြောပါတယ်။

လက်ရှိမှာလည်း ပြောင်းစိုက်တောင်သူတွေကို စစ်ကောင်စီ စိုက်ပျိုးရေးဝန်ကြီးဌာနက စိုက်ပျိုးစရိတ်ချေးငွေ မပေးတဲ့အတွက် ‌တောင်သူတွေအနေနဲ့ ငွေတိုးချေးငှားပြီး စိုက်ပျိုးနေရတာဖြစ်လို့ ချေးငွေပြန်မဆပ်နိုင်ဘဲ အတိုးများပြားလာမှာကို စိုးရိမ်နေကြပါတယ်။

ဓနုဖြူမြို့နယ်ထဲမှာ ကိုင်းကျွန်းမြေ ၆,၀၀၀ ကျော်ရှိပြီး လယ်ကြွက်တွေဖျက်ဆီးလို့ ပျက်စီးတဲ့ စိုက်ပျိုးဧကပေါင်း ၁,၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

၂၀၁၉ ခုနှစ်က ကောက်ခံထားတဲ့ စာရင်းတွေအရ ဓနုဖြူမြို့နယ်ထဲမှာ လူဦးရေ ၁၉၀,၀၀၀ ကျော်ရှိပြီး အများစုက ကျေးလက်နေပြည်သူတွေဖြစ်ကာ ဆန်စပါး၊ ပြောင်း၊ ငရုတ်နဲ့ ပဲအမျိုးမျိုးကို အဓိကထား စိုက်ပျိုးနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013