DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် ဒေသခံအလောင်း ၂ လောင်း တွေ့ရှိ
DVB
·
November 11, 2022
ဘုတလင်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် ဒေသခံအလောင်း ၂ လောင်း တွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွာရှည်ရွာအနီးက ပဲစိမ်းငုံခင်းအတွင်းမှာ စစ်ကောင်စီတပ် သတ်ဖြတ်ထားတဲ့ ကလေးငယ်တယောက်နဲ့ အန်အယ်လ်ဒီ ရပ်ကျေးစည်းရုံးရေးမှူး ရုပ်အလောင်းတွေကို ဒေသခံတွေက နိုဝင်ဘာ ၁၁ ရက် မနက် ၁၁ နာရီက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ ရွာရှည်ရွာသားတွေဖြစ်ပြီး အသက် ၅၅ နှစ်ရှိ အမျိုးသားတယောက်နဲ့ အသက် ၁၄ နှစ်အရွယ် ကလေးတယောက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အလောင်းက ဒီနေ့ ၂ လောင်းထပ်တွေ့တာ။ သတ်တာက မနေ့ နိုဝင်ဘာ ၁၀ ရက်က စစ်ကြောင်းက သတ်သွားတာဗျ။ သူတို့ထွက်သွားပြီး လူစစ်ကြည့်တော့ လူလိုနေလို့ ဒီနေ့ ရွာအပြင်ထွက်ရှာတော့ ပဲစိမ်းငုံအခင်းထဲက တွေ့ခဲ့တာ။ သူတို့က PDF တွေလားဆိုတော့ မဟုတ်ပါဘူးဗျာ။ အစ်ကိုလည်း စဉ်းစားကြည့်လေ၊ အသက် ၅၅ နှစ်အရွယ် အဘိုးတဦးက PDF ဟုတ်နေပမလားဗျာ။ တခုတော့ရှိတယ်။ အဘိုးကြီးကတော့ ကျနော်တို့ ရွာရှည်ရွာမှာ အန်အယ်လ်ဒီပါတီရဲ့ ရပ်ကျေးစည်းရုံးရေမှူးတော့ ဟုတ်ပါတယ်။ အမည်က ဦးရှမ်း အသက်က ၅၅ နှစ်ပါဗျ။ သေဆုံးသူ နောက်တယောက်အမည်က မောင်အောင်မျိုးသန့် အသက် ၁၄ နှစ်ပါ။ PDF ကတော့ မဟုတ်ဘူးဗျ။ အခုလို ခေတ်ပျက်နေတဲ့အချိန် ရွာကို ညအချိန် သူခိုးဓားပြရန်ကနေ ကာကွယ်ရအောင်လို့ ရပ်ကျေးလုံခြုံရေး ကင်းအဖွဲ့ထဲတော့ ပါတယ်။ သူတို့နှစ်ဦးကို သတ်ထားခဲ့ကြတာ” လို့ ရွာရှည်ရွာ ဒေသခံရွာသားတယောက်က ပြောပါတယ်။

စစ်ကောင်စီက ဘုတလင်မြို့နယ်အတွင်း နိုဝင်ဘာ ၁၀ ရက်နေ့ တရက်တည်းမှာ ဘုတလင်ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ယောက်နဲ့ ရွာရှည်ရွာသား ၂ ယောက် စုစုပေါင်း ၄ ‌ယောက်ကို သတ်ဖြတ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြည်သူတွေကိုသတ်ခဲ့တဲ့ စစ်ကြောင်းဟာ မုံရွာမြို့နယ်ဘက် ရောက်ရှိသွားပြီလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013