DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာအမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိ
DVB
·
November 11, 2022
ဘန်ကောက်တွင် မြန်မာအမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ပန်ဘွမ်နယ်မြေထဲမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသမီး ၁ ဦးအလောင်း မနေ့ နိုဝင်ဘာ ၁၀ ရက်က တွေ့ရှိတယ်လို့ NUG အစိုးရ အလုပ်သမားရေးရာ တာဝန်ရှိသူ ဦးဝေလင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

ပန်ဘွမ်နယ်မြေ ဧကချိုင်းလမ်းသွယ် ၈၉ က မြန်မာအများစုနေထိုင်ရာ တိုက်တန်းလျား အခန်းတခန်းထဲမှာ အဝတ်ဗလာနဲ့ သေဆုံးနေတဲ့ အသက် ၂၉ နှစ်အရွယ် မခင်မာဝင်းဆိုသူရဲ့ အလောင်းကို မနေ့မွန်းတည့်ချိန်မှာ အနီးနားနေ အလုပ်သမားတွေ တွေ့ရှိခဲ့တာဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်းတွေကိုပါ အကြောင်းကြားတာကြောင့် အမှုမှန်ပေါ်ပေါက်ရေး အတွက် NUG ရဲ့ ပြည်တွင်း ပြန်လည်ထူထောင်ရေးအဖွဲ့ IRA က ထိုင်းတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေတယ်လို့ ဦးဝေလင်းမောင်က ပြောပါတယ်။

“မိန်းကလေးက ရိုးရိုးသေဆုံးတာမဟုတ်ဘဲ အဝတ်အစားမပါ ကိုယ်လုံးတီးဖြစ်နေသလို လည်ပင်းကလည်း လိမ်နေတာကြောင့် ရဲတပ်ဖွဲ့က လူသတ်မှုလို့ သံသယရှိနေပါတယ်။ အလုပ်သမားတွေက ကျနော်တို့ကို အကြောင်းကြားတာကြောင့် အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိဖို့ တာဝန်ရှိသူတွေနဲ့အတူ ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။”

တာဝန်ရှိသူတွေက မိန်းကလေးရဲ့အလောင်းကို လိုအပ်သလိုစစ်ဆေးဖို့ ဆီရီရတ်ဆေးရုံကို ခေါ်ဆောင်ထားကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဘန်ခွန်ထယိမ်းနယ်မြေ ရဲတပ်ဖွဲ့က အနီးနားတဝိုက် စီစီတီဗွီကင်မရာတွေ ပြန်လည်စစ်ဆေးနေပြီး သံသယရှိသူနဲ့ မျက်မြင်သက်သေတချို့တွေပါ ခေါ်ယူစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သေဆုံးသူမှာ တနင်္သာရီတိုင်း ထားဝယ်မြို့ကဖြစ်ပြီး မိဘဆွေမျိုးတွေနဲ့ အဆက်အသွယ် မရသေးကြောင်း၊ ဒါကြောင့် မခင်မာဝင်းရဲ့ မိဘဆွေမျိုးတွေအနေနဲ့ ဒီသတင်းကို ကြားသိပါက ဖုန်းနံပါတ် +၆၆ ၆၂၄ ၉၃၆ ၇၉၇ ကို ဆက်သွယ်ဖို့ ဦးဝေလင်းမောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013