DVB Logo
Home
မြန်မာသတင်း
မြင်းမူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်တပ်က လေကြောင်းမှပစ်ခတ်သဖြင့် ရေဦးပြည်သူ ၄,၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
November 11, 2022
မြင်းမူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်တပ်က လေကြောင်းမှပစ်ခတ်သဖြင့် ရေဦးပြည်သူ ၄,၀၀၀ ကျော် ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာတွင်းကနေ နိုဝင်ဘာ ၁၁ ရက် မနက် ၁၁ နာရီလောက်က ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းအသုံးပြုပြီး အမြင့်ပေ ၄,၀၀၀ ကျော်ကနေ တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

“သေတာကတော့ (--)တွေ ၃ ကောင်ထက်မနည်း သေတယ်ဗျ။ (--)တွေက ဂျန်ဘာသုံးလို့ ကိုယ့်ဒရုန်းကို မနည်းပြန်ခေါ်လိုက်ရတယ်။ ကိုယ့်ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး။”

ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့နေရာဟာ ထီးဆောင်းရွာအရှေ့ဘက် ထန်းတောအတွင်းမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထီးစောင်းဒေသခံရွာသားတဦးက “စိုက်ခင်းလာကြည့်တဲ့အချိန် အုံးဆိုပြီး အသံကြားလိုက်ရတယ်။ အဲလိုအသံကြားပြီး ဒရုန်းနဲ့ အချခံရတာဆိုပြီး အော်သံတွေ ကြားလိုက်တယ်။ ဒရုန်းကို လက်နက်တွေနဲ့ ပြန်ထုတဲ့အသံတွေလည်း ကြားရတယ်။ ကိုယ်လည်း မနေရဲလို့ အိမ်ပြန်ပြေးခဲ့ရတယ်။ ကျန်တာတော့ မသိရဘူး” လို့ ပြောပါတယ်။

အခုတိုက်ခိုက်တိုက်တာကို Zero ပြောက်ကျားတပ်ဖွဲ့ တဖွဲ့တည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး ဗုံးသီးကိုတော့ စစ်ကိုင်းခရိုင် ပကဖထုတ်ဗုံးသီးတွေ အသုံးပြုတိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မနက် ၁၀ နာရီကျော်မှာ ရေဦးမြို့နယ် အနောက်မြောက်ခြမ်းက ကျေးရွာ ၄ ရွာကို လေကြောင်းကနေ လာရောက်ပစ်ခတ်‌နေတာကြောင့် ပြည်သူ ၄,၀၀၀ ကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Mi35 နှစ်စီးနဲ့ ပစ်ခတ်ပြီး ဂျက်လေယာဉ် ၃ စီးနဲ့ မြေပြင်ကို စစ်သားတွေ ချနေတယ်လို့လည်း ဆိုပါတယ်။

ဒေသခံရွာသားတဦးက “အခြေအနေကတော့ ရုတ်တရက်ကြီး လာပစ်တာ။ မြေပြင်မှာ ဘာစစ်ပွဲမှမရှိဘူး။ သူတို့ ဘာသတင်းကြားလို့ လာပစ်တယ် ဆိုတာကတော့ အတိအကျ မပြောနိုင်ဘူး။ ဒေသခံ အထိအခိုက်ကတော့ လတ်တလော ဘာမှမပြောနိုင်သေးဘူးဗျ။ အသက်လုပြေးနေရတယ်။ ဘယ်ရွာတွေ ပြေးနေရတာလဲဆိုတော့ ရွာပုလဲ၊ ရွာထောင်၊ မင်းမောင်ကုန်း၊ တက်မတောရွာတွေကို ပစ်တယ်။ မြေပြင်စစ်ကြောင်းက လိန်တောရွာကို မီးရှို့နေတယ်။ ရွာသားတွေကတော့ အကုန်ထွက်ပြေးနေရတယ်။ ရွာထောင်၊ မင်းမောင်ကုန်း၊ ရွာပုလဲက ဒေသခံတွေကတော့ ပိတ်မိသူတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

အခု လေယာဉ်နဲ့ပစ်ခတ်ခံနေရတဲ့ ရွာတွေဟာ မိရိုးဖလာ တောင်သူလုပ်ငန်းနဲ့ စပါးစိုက်စားနေတဲ့သူတွေဖြစ်ပြီး ကျေးရွာတရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013