DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် အမျိုးသား ၁ ဦး ပြန်ပေးဆွဲ‌ခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရ
DVB
·
November 11, 2022
စစ်တွေတွင် အမျိုးသား ၁ ဦး ပြန်ပေးဆွဲ‌ခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်ကို အမည်မသိ အဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ပြန်ပေးဆွဲသွားပြီး မိသားစုဝင်တွေဆီက ငွေကျပ်သိန်း ၅၀ တောင်းခံပြီးနောက် အဲဒီအမျိုးသားကို သတ်ဖြတ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပြန်ပေးဆွဲ ဖမ်းဆီးခံရသူဟာ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဇော်သူရထွန်း ဖြစ်ပြီး ပျောက်ဆုံးနေတာ ၃ ရက်လောက်ကြာပြီးနောက် အမည်မသိအဖွဲ့တခုက သူ့ကို ကျပ်သိန်း ၅၀ နဲ့ ရွေးယူဖို့ မိသားစုဝင်တွေဆီ ဖုန်းဆက်သွယ်လာပြီးမှ အခုလို အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မိသားစုဝင်တဦးက “သူပျောက်နေတာက နိုဝင်ဘာ ၈ ရက်နေ့ကတည်းက ပျောက်နေတာ။ သူ့ကိုဖမ်းသွားတဲ့အဖွဲ့က မနေ့က ကျမတို့ဆီ ဖုန်းဆက်တယ်။ သိန်း ၅၀ ပေးရင် လွှတ်မယ်လို့ပြောတယ်။ ကျမတို့က ပေးမယ်လို့ပြောတယ်။ ဘယ်နေရာကို လာပေးရမလဲ မေးတော့ ပြန်မပြောဘူး။ ဒီနေ့ (နိုဝင်ဘာ ၁၀ ရက်) မနက် ၁၀ နာရီကျော်မှာ သူ့အလောင်းကို လမ်းမတော်မြောက် BOC ဖောင်တော်အနီး ရေထဲမှာ အသေတွေ့ရတာ။”လို့ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရသူရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၀ ရက် မနက် ၁၀ နာရီကျော်က လမ်းမတော်မြောက် BOC ဖောင်တော်အနီး ချောင်းထဲမှာ စစ်တွေမြို့အခြေစိုက် ရွှေရောင်မေတ္တာ ပရဟိတ လူမှုကူညီရေးအသင်းက တွေ့ရှိခဲ့တာပါ။

ပြန်ပေးဆွဲခံရပြီး အသတ်ခံရသူဟာ နိုဝင်ဘာ ၇ ရက်က စစ်တွေမြို့ အဓိဋ္ဌာန်ကျောင်းတိုက်မှာ ရဟန်းခံထားတဲ့ ရဟန်းတပါးဖြစ်ပြီး ရဟန်းဘဝနဲ့ ပြန်ပေးဆွဲခံခဲ့ရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

“သူက တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ စစ်တွေမြို့ အာဂျိတ်တော်ကုန်းက အဓိဋ္ဌာန်ကျောင်းမှာ ရဟန်းခံထားတာပါ။ ရဟန်းဘဝနဲ့ ပြန်ပေးဆွဲခံရပြီး အခုလို ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ။”

အဆိုပါ ပြန်ပေးဆွဲလူသတ်မှုကို မိသားစုဝင်တွေက စစ်တွေမြို့မ အမှတ် ၂ ရဲစခန်းမှာ တိုင်တန်းထား​ပေမဲ့ ရဲတပ်ဖွဲ့က တရားခံတွေ ဖော်ထုတ်ရရှိရေးအတွက် ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

စစ်တွေမြို့မှာ အခုလိုမျိုး ဖမ်းဆီး ပြန်ပေးဆွဲ ငွေတောင်းခံပြီး သတ်ဖြတ်ခံရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013