DVB Logo
Home
မြန်မာသတင်း
ဘုတလင်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် PDF အဖွဲ့ဝင် ၂ ဦးအလောင်း တွေ့ရှိ
DVB
·
November 10, 2022
ဘုတလင်တွင် စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် PDF အဖွဲ့ဝင် ၂ ဦးအလောင်း တွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သက်ရှည်ကန်ကျေးရွာအနီးမှာ နိုဝင်ဘာ ၉ ရက် မနက်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးရင်း သတ်ဖြတ်ထားခဲ့တဲ့ PDF အလောင်း ၂ လောင်းကို ဒီနေ့တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရတဲ့သူတွေဟာ ဘုတလင် မီးတောက်အဖွဲ့က ခေါင်းဆောင်နဲ့ သူ့ရဲ့လက်ထောက် ဖြစ်တယ်လို့လည်း ဒေသခံ PDF အဖွဲ့တွေဆီကနေ သိရပါတယ်။

ဘုတလင် LPDF ခေါင်းဆောင်တယောက်က “ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ ရွာသားတွေက အလောင်းတွေ့လို့ သွားကြည့်တော့ ကိုမီးတောက်နဲ့ သူ့တပည့်ကလေး ဖြစ်နေတာ။ စိတ်မကောင်းဖြစ်မိတယ်။ ကျနော်တို့ PDF တွေဘက်က သူတို့စစ်သားတွေ အရှင်မိတယ်ဆိုရင် သုံ့ပန်းဥပဒေတွေနဲ့အညီ ကောင်းကောင်းထားပါတယ်။ ဒီကောင်တွေက အခုဟာကျတော့ ကျနော်တို့ဘက်က လူတွေကျတော့ ဘယ်ဥပဒေမှကို မလိုက်နာဘဲ အခုလို သတ်ထားခဲ့ကြတာ။ အလှည့်ကျ မနွဲ့စတမ်းပေါ့ဗျာ။ သူတို့ဘက်က ဒီလိုဆိုတော့လည်း ဘာတတ်နိုင်မလဲ။ ကိုယ့်ရဲဘော်ရဲ့ အလောင်းကောက်ပြန်ရုံပေါ့။ တခုတော့ရှိတယ်၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးလို့ပဲ ထပ်ပြောချင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုကတော့ ဘုတလင်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မသင်္ကာလို့ ဆိုင်ကယ် ၃ စီးကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

အခုလို ပစ်ခတ်ဖမ်းဆီးပြီး လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ အိုင်ကွန် ၁ လုံး၊ ဆိုင်ကယ် ၃ စီးတို့ကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013