DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘော ၁ စီး မီးလောင်၊ ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရ
DVB
·
November 10, 2022
ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘော ၁ စီး မီးလောင်၊ ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းတံတားအနီး ရန်ကုန်မြစ်အတွင်းမှာ ဆီတင်သင်္ဘောတစီး နိုဝင်ဘာ ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းက မီးလောင်ခဲ့ရာ အသက် ၁၀ နှစ်အရွယ် ကလေးတဦး အပါအဝင် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ကမ်းအနီး နေထိုင်သူတွေက ပြောပါတယ်။

ရန်ကုန်မြစ်အတွင်း ဒီနေ့ နေ့လယ် ၂ နာရီခွဲက သင်္ဘောတစီး မီးလောင်မှုဖြစ်ပွားခဲ့ရာ တာမွေမြို့နယ်၊ ပုဇွန်တောင်မြို့နယ်တို့က မီးသတ်ရေယာဥ် ခြောက်စီးနဲ့ တနာရီကျော်ကြာကြာအောင် မီးငြှိမ်းသတ်ခဲ့ရပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“၂ နာရီ ၂၆ မိနစ်မှာ မီးလောင်တယ်၊ ၃ နာရီ ၅၃ မိနစ်မှာ မီးငြိမ်းသွားတယ်။ မီးလောင်မှုဖြစ်စဥ်နဲ့ ဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးတွက်ချက်နေတုန်းပါ။”

မီးလောင်တဲ့သင်္ဘောမှာ ဆီတင်လာတာဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကာ ပေါက်ကွဲသံကို ဒလမြို့ကနေ ကြားရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆီတင်သင်္ဘောလို့ပြောတယ်၊ ပေါက်တဲ့အသံက ကျနော်တို့နေတဲ့ နေရာအထိပါ ကြားရတယ်။ အကျယ်ကြီးပဲ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။”

သင်္ဘောမီးလောင်မှုဖြစ်စဥ်မှာ အသက် ၁၀ နှစ်ကျော်အရွယ် ကလေးတဦးနဲ့ အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိပ်ကမ်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

“ဒဏ်ရာရတဲ့အထဲမှာ ကလေးက စိုးရိမ်ရတယ်။ လေးယောက်စလုံးကို ရန်ကုန်ဆေးရုံကြီးကို ပရဟိတသမားတွေက လိုက်ပို့ပေးကြတယ်။”

အဆိုပါမီးလောင်တဲ့သင်္ဘောမှာ စစ်ကောင်စီတပ်အတွက် ဆီတင်လာတာလို့ သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013