DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်ကောင်စီ ဗိုလ်မှူးတဦး၏ဇနီးကို အမည်မသိအဖွဲ့က ဖမ်းဆီး
DVB
·
November 10, 2022
ပခုက္ကူတွင် စစ်ကောင်စီ ဗိုလ်မှူးတဦး၏ဇနီးကို အမည်မသိအဖွဲ့က ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ၁ ရပ်ကွက်မှာ စစ်ကောင်စီတပ်က ဗိုလ်မှူးသူရိန်ထွေးရဲ့ ဇနီးဖြစ်သူ မဟန်နွေဦးကို ဒီနေ့မနက် ၈ နာရီလောက်မှာ အမည်မသိအဖွဲ့က ဖမ်းဆီးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပခုက္ကူမြို့နယ် ၁ ရပ်ကွက် ဝိပဿနာလမ်းနေ အောင်ဆင်မင်း လက်ဖက်အကြော်မျိုးစုံနဲ့ စားသောက်ကုန်လုပ်ငန်းရှိ မိခင်ဖြစ်သူဆီ လာလည်တဲ့ ဗိုလ်မှူးသူရိန်ထွန်းရဲ့ ဇနီးကို အမည်မသိ အမျိုးသားနှစ်‌ယောက်နဲ့ အမျိုးသမီးတယောက်က သေနတ်ပြကာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

“သူအမေက မဝတုတ်၊ သူ့သမက်က ဗိုလ်မှူးဆိုတော့ လူမထင်ဘူး။ သူ့သမီးကို ဆိုင်ဖွင့်ခါစမှာ လာဖမ်းသွားတာ။ အခု ဆိုင်ပိတ်ထားတယ်။ လိုက်ရှာနေကြတုန်း။ ဘယ်အဖွဲ့က လာဖမ်းသွားလဲတော့ မသိဘူး။”

မဟန်နွေဦးကို ဒီနေ့မနက် ၈ နာရီ ဆိုင်ဖွင့်ချိန်မှာ အမည်မသိအဖွဲ့က ဆိုင်ကယ်နဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က အတည်ပြု ပြောဆိုပါတယ်။

“သတင်းက မှန်တယ်။ သူ့ယောက်ျားက DSA ၄၇ ကျောင်းဆင်း ဗိုလ်မှူးသူရိန်ထွေး။ အခုတောင် ရာထူးတက်ပြီလား မသိဘူး။ ၂၀၁၅ လောက်ကတည်းက ဗိုလ်မှူး။ CCTV မှာ တွေ့တယ်။ သေနတ်ပြပြီး ဆိုင်ကယ်နဲ့ လာခေါ်သွားတယ်။ ဘယ်ခေါ်သွားမှန်းကို မသိတာ။ အဆက်အသွယ်မရသေးဘူး။”

လတ်တလောမှာ  အောင်ဆင်မင်း လက်ဖက်အကြော်မျိုးစုံနဲ့ စားသောက်ကုန်လုပ်ငန်းဆိုင်ကို ပိတ်ထားပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013