DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ ဩစတြေးလျက ဒေါ်လာ ၁၅၃ သန်း ထောက်ပံ့ကူညီမည်
DVB
·
November 10, 2022
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ ဩစတြေးလျက ဒေါ်လာ ၁၅၃ သန်း ထောက်ပံ့ကူညီမည်
Donate to DVB

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို ဩစတြေးလျအစိုးရက ၂၀၂၂-၂၃ ခုနှစ်အတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၁၅၃ သန်း ထောက်ပံ့ကူညီသွားမယ်လို့ ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီအကူအညီတွေကိုတော့ မိတ်ဖက်အဖွဲ့အစည်းတွေကတဆင့် အသက်ကယ် အစားအစာ၊ ရေနဲ့ အမိုးအကာတွေ ပေးပို့ကူညီမှုတွေ ပါဝင်မှာဖြစ်ပြီး အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေ အပါအဝင် အကူအညီအလိုအပ်ဆုံးသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကာအကွယ်၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကိုလည်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်ကာ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းယူမှုအပြီးမြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတဲ့ လူဦးရေဟာ ခန့်မှန်း  ၁ သန်းကနေ ၁၄ ဒသမ ၄ သန်းအထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို မှီခိုအားထားနေရတဲ့ အိုးအိမ်မဲ့ ရိုဟင်ဂျာဦးရေ ၉၁၉,၀၀၀ ကျော်အတွက် ဘင်္ဂလားဒေ့ရှ်ရဲ့ ဆက်လက်ပံ့ပိုးကူညီမှုကို သြစတြေးလျနိုင်ငံက ချီးကျူး ဂုဏ်ပြုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ သြစတြေးလျနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့၊ လခြမ်းနီလှုပ်ရှားမှုနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ကတဆင့် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

မိတ်ဖက်အဖွဲ့အစည်းတွေအားလုံးဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အဖွဲ့အစည်းတွေဖြစ်ပြီးတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အလိုအပ်ဆုံးသူတွေဆီ လက်လှမ်းမီရောက်ရှိနိုင်ဖို့ အတွက် အာမခံနိုင်ပြီးတော့ သြစတြေးလျရဲ့ ထောက်ပံ့ကူညီမှုဟာ မြန်မာစစ်အုပ်စုကို တိုက်ရိုက်အကျိုးပြုတာမျိုး မဖြစ်စေဖို့ ဂရုတစိုက် ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၄ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ အဲဒီအထဲကမှ လူဦးရေ ၁ ဒသမ ၁ သန်းကျော်ကတော့ စစ်အာဏာသိမ်းယူမှုအပြီးဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013