DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီး ၂၁ လအတွင်း နေအိမ်အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
DVB
·
November 9, 2022
စစ်တပ်အာဏာသိမ်းပြီး ၂၁ လအတွင်း နေအိမ်အဆောက်အအုံ ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၁ လအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်း မြို့နယ် ၈၁ ခုမှာ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ် ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသန အဖွဲတခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးခံရမှုတွေဟာ ၂၀၂၂ ခုနှစ်ထဲမှာ အများဆုံးဖြစ်ပြီး စုစုပေါင်းပမာဏရဲ့ ၉၄ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂၊ မေလထဲမှာတော့ မီးရှို့ဖျက်ဆီးခံရမှုဖြစ်စဉ် အများဆုံးဖြစ်ခဲ့ပြီး အဲဒီလမှာတော့ နိုင်ငံအနှံ့က နေအိမ်အဆောက်အအုံ ၈၃,၁၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းကတော့ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်းပမာဏရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးအထိ ရှိခဲ့ကာ စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့နယ်မှာတော့ နေအိမ်အဆောက်အအုံ ၃,၄၉၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးတာ ခံခဲ့ရပြီး အများဆုံးဖြစ်ခဲ့ပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်ကတော့ နေအိမ်အဆောက်အအုံ ၃,၁၀၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ISP Myanmar ရဲ့ နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှုစာရင်းဟာ သတင်းမီဒီယာတွေ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အပေါ်မူတည်ပြီး လက်လှမ်းမီသလောက် စုစည်းထားတာ ဖြစ်တဲ့အတွက် တကယ့်လက်တွေ့ မြေပြင်မှာတော့ အခုထက် ပိုမိုများပြားနိုင်တယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013