DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
DVB
·
November 9, 2022
ခင်ဦးမြို့နယ်၌ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ အင်းပတ်ကွေ့နဲ့ မူးတိမ်ချောင်းတံတားမှာရှိတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (KSO)က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်ည ၉ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာတွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်လုပ် ၆၀ မမ နှစ်ဆင့်ကွဲ လက်နက်ကြီးနဲ့ ၁၂ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ KSO တာဝန်ရှိသူက “သူတို့တပ်စွဲထားတဲ့ နေရာ သုံးခုကို ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး ၆၀ မမနဲ့ သွားပစ်တာပါ။ အဲ့ဒီညက အဝေးကဆိုတော့ ရန်သူအသေပျောက်မသိရသေးဘူး။ မနက်ကျမှ ရေဦးဘက်ကို ရန်သူတပ်ဖွဲ့ (စစ်ကောင်စီတပ်) အလောင်း ၇ လောင်းရောက်လာတာ ။ ဒဏ်ရာရတဲ့ကောင်တွေလည်း ရှိတယ်”လို့  ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ကလည်း ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ အထိခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ခင်ဦးမြို့နယ်ပကဖ၊ Khin U Special Force Organization - KSO ၊ ဒေါင်းစစ်သည်LDF ၊ KDK-KU ၊ ARF ၊ စွန်ရဲနီ-LDF ၊ Future Heros-KU ၊ Northern Tiger Group-NTG၊ ဗိုလ်လင်းယုန်-LDF-KU၊ သူရိန်လျှပ်စီးမိုးကြိုးနဲ့  တခြားမဟာမိတ် LDFတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုဝင်ဘာ ၃ ရက် ညကလည်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီး သေဆုံးတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013