မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေက Mogok Hill Hotel နဲ့ မိုးလုံလေလုံ အနီးနားမှာ လမ်းပြောင်းပြန်မောင်းတဲ့ ပြည်သူနှစ်ယောက်ကို စစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ မြင်တွေ့သူတယောက်က ပြောပါတယ်။
ကထိန်ကနေပြန်လာတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ယောက်ကို စစ်တပ်က ပစ်ခတ်တာကြောင့် တယောက် ကျည်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အနီးအနား ဒေသခံတယောက်က “ကြံ့ခိုင်ရေးရုံးနား ဗုံးတွေ့လို့ လမ်းပိတ်ထားတာ၊ ကလေးနှစ်ယောက်က ပိတ်ထားတဲ့နေရာနား ရောက်လာတော့ ပစ်လိုက်တာ၊ ငါးချက်လောက် ပစ်လိုက်တယ်၊ ကလေးတယောက် ထိသွားတာ၊ ကထိန်ကပြန်လာတဲ့ ကလေးတွေပါ၊ လမ်းပြောင်းပြန်ထဲ ဝင်မယ့်အချိန် ပစ်လိုက်တာ” လို့ ပြောပါတယ်။
လူငယ်နှစ်ယောက်မှာ တယောက် ကျည်ထိမှန်သွားပြီး သူ့ကို မိုးလုံလေလုံခန်းမထဲ စစ်သားတွေ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ စစ်တပ်က လမ်းပြောင်းပြန်မောင်းသူတွေကို ဖမ်းဆီးပြီး ငွေကျပ် သုံးသောင်း တောင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။