
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ ဇီးလွန်ကွက်သစ် စာသင်ကျောင်းအနီးက လူနေအိမ် ဒီနေ့ နိုဝင်ဘာ ၈ ရက် နေ့လယ် ၃ နာရီလောက်က မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“နှစ်ထပ်အိမ်တလုံး၊ တထပ်အိမ်တလုံး၊ နောက်ထပ်အိမ်တလုံးကတော့ နည်းနည်းပဲလောင်တယ်။ အိမ် ၃ လုံး မီးလောင်တာပေါ့” လို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၅ စီးနဲ့ လာငြှိမ်းခဲ့တာကြောင့် ညနေပိုင်းလောက်မှာ မီးငြိမ်းသွားပြီး ဘာကြောင့် မီးလောင်ရတဲ့အကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာမှာ နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။