DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ဦးထက်မနည်း သေဆုံး
DVB
·
November 8, 2022
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၈ ဦးထက်မနည်း သေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ကနေ ကရင်ပြည်နယ်ထဲကို စစ်ကူသွားရောက်မယ့် စစ်ကောင်စီစစ်ကြောင်းကို တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာနားမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမဲ့ မိုင်းက မပေါက်ကွဲတာကြောင့် အပြန်အလှစ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ယောက်ထက်မနည်း သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်ကတော့ ဝမ်းဗိုက်ဖောက်ထွင်းဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီလို တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက အရှေ့မော်တုံးကျေးရွာကနေ ကဒဲလိပ်ကျေးရွာအထိ သုံးမိုင်အကွာအဝေးအတွင်း ကင်းစခန်းတွေ ချထားခဲ့သလို ခရီးသွားယာဉ်တွေနဲ့ အရပ်သားပြည်သူတွေကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချထားတဲ့ ကင်းစခန်းတွေကလည်း ဒေသခံတွေကို ဆန်နဲ့ စားနပ်ရိက္ခာတွေ ပေးမသယ်တော့ဘဲ စားနပ်ရိက္ခာတွေ ဖြတ်တောက်နေတဲ့အပြင် ကျေးရွာထဲမှာလည်း ဝင်ရောက်စစ်ဆေးတာ၊ ရမ်းသန်းပစ်ခတ်တာတွေ လုပ်နေလို့ ဒေသခံတချို့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သေဆုံးတဲ့စာရင်းကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013