DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးနေအိမ်ပေါ်ကျ၊ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
DVB
·
November 8, 2022
ဝက်လက်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးနေအိမ်ပေါ်ကျ၊ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာမှာ နိုဝင်ဘာ ၇ ရက် တန်ဆောင်တိုင်လပြည့်ည ၈ နာရီလောက်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး မိသားစု ၃ ယောက် အပြင်းထန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန်ဆောင်တိုင်လပြည့်ညက ရှိမ်းမကားရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် မိသားစုလိုက် လက်နက်ကြီးကျည် ထိမှန်ခဲ့တာပါ။

ဒေသခံတယောက်က “လပြည့်ညက မူးရူးပြီး သူတို့တပ်စွဲထားတဲ့ ရဲစခန်းထဲကနေ လက်နက်ကြီးနဲ့ ရွာကို ရမ်းပစ်တာပါ။ နေအိမ်ပေါ်ကျလို့ လင်မယားနှစ်ယောက်က အမျိုးသမီး သေဆုံးတယ်၊ ယောက်ျားဖြစ်သူ (စိုးရိမ်ရ) အပြင်းအထန် ဒဏ်ရာရတယ်။ နောက်ပြီး အဲ့ဒီလင်မယားရဲ့ ကလေးဖြစ်တဲ့ ၃ နှစ်အရွယ် မိန်းကလေးတဦး (စိုးရိမ်ရ) အပြင်းအထန် ဒဏ်ရာရတယ်။ သူတို့ရဲ့ မိခင်ကြီးဖြစ်တဲ့ အဘွားအိုတဦးလည်း ခါးမှာ ဒဏ်ရာရသွားပါတယ်။ မိသားစုလိုက် နေအိမ်မှာရှိနေချိန် ဖြစ်သွားတာ။ တရွာလုံး စိတ်မကောင်းဖြစ်နေကြတယ်” လို့  ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၈ ရက် မနက်ကလည်း ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပလိုင်းကန်ကျေးရွာအနီးက တဲ ၁ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ကန်ပေါက်ကျေးရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကနားကျေးရွာမှာ နိုဝင်ဘာ ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် မိသားစုလိုက်ထိမှန်ကာ ၁၃ နှစ်အရွယ် ကလေးငယ်တဦးနဲ့ အဘွားအိုတဦး သေဆုံးခဲ့ပါတယ်။

Photo - ဗိုလ်မြေဩဇာ ( ဝက်လက် ပကဖ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013