Home
မြန်မာသတင်း
မင်းပြားမြို့နယ်၌ အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်
DVB
·
November 8, 2022
314656329_861053238250404_5003222636046751058_n

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာအနီးမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၈ ရက် မနက် ၉ နာရီကစတင်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွေက ပြောပါတယ်။

"ဒီနေ့ မနက် ၉ နာရီမှာစဖြစ်ကြတာ။ လက်နက်ကြီး လက်နက်ငယ်အသံတွေ ဆူညံစွာကြားနေရတယ်။ စစ်တပ်ဘက်က အထိနာနေတော လေကြောင်း နဲ့ ရေကြောင်းကပါ ပစ်ခတ်မူတွေရှိနေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာ ရဲစခန်းအနီး မြစ်ကွေ့ဘက်တက်လာတဲ့ စစ်ကောင်စီနေဗီဇက်ရေယာဥ် ၂ စီးအား ရက္ခိုင့်တပ်တော် (အေအေ) က ဒီနေ့မနက် ၉ နာရီလောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ အခုလို တိုက်ပွဲပြင်းထန်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေ အင်အားသုံး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ကောင်စီဘက်က ရုရှားထုတ် MI 17 စစ်သုံးရဟတ်ယာဥ်တစီး နဲ့ ခေါင်းလောင်းချောင်း ရွာဘက်ကို တိုက်ခိုက်နေတယ်။ နေဗီက လည်းလက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေတယ်” လို့ မင်းပြားဒေသခံတဦးက ပြောပါတယ်။

ခေါင်းလောင်းချောင်းကျေးရွာအနီးသာမက ပုလဲပေါက် နဲ့ စက္ကရေ ကျေးရွာတွေအနီးမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် မနက်ကလည်း မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာအနီးမှာ စစ်တွေဘက်ကလာတဲ့ စစ်တပ်ဇက်ရေယာဉ် ၂ စီးအား အေအေက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးနောက် ဇက်ရေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တွေနဲ့ အနီးအနား ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဦးတည်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနဲ့ လူငယ် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024