DVB Logo
Home
မြန်မာသတင်း
မီဇိုရမ်ရောက် စစ်ဘေးရှောင်များကို ချင်းတေးသံရှင် Rebecca Fanai သွားရောက်လှူဒါန်း
DVB
·
November 8, 2022
မီဇိုရမ်ရောက် စစ်ဘေးရှောင်များကို ချင်းတေးသံရှင် Rebecca Fanai သွားရောက်လှူဒါန်း
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဒက်ချုအာကျေးရွာမှာ ခိုလှုံနေကြတဲ့  ချင်းပြည်နယ်ထဲက တိုက်ပွဲတွေကြောင့်ထွက်ပြေးလာရတဲ့ မြန်မာစစ်ဘေးရှောင်တွေကို ချင်းလူမျိုး တေးသံရှင် Rebecca Fanai က နိုဝင်ဘာ ၇ ရက်က လာရောက်လှူဒါန်းခဲ့ပါတယ်။

စစ်ဘေးရှောင်ဦးရေ ၂၅၀ ကျော်ရှိတဲ့ အဲဒီစခန်းကို လာရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ကလေးငယ်တွေကို အားပေးစကားပြောတာ၊ တေးသီချင်း သီဆိုဖျော်ဖြေတာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တေးသံရှင် Rebecca Fanai နဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုအဖွဲ့စည်းတွေ ပူးပေါင်းပြီး အခမဲ့ ဆေးဝါးကုသပေးတာ၊ အာဟာရဆေးဝါးတွေ ပေးဝေတာနဲ့ အမျိုးသမီးသုံး ပစ္စည်းတွေအပြင် ကလေးကျောင်းသုံးပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ အကူအညီပေးရေး အဖွဲ့မှာ ပါဝင်သူတဦးက ပြောပါတယ်။

တေးသံရှင် Rebecca Fanai ဟာ မီဇိုရမ်ပြည်နယ်ထဲမှာ ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်တွေကို ကူညီအားပေးဖို့ အမေရိကန်နိုင်ငံကနေ ရောက်လာတာဖြစ်ပြီး ခရီးစဉ် တလအတွင်း ပြည်နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို လှည့်လည် ကူညီထောက်ပံ့သွားမယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ချင်းပြည်နယ်ကနေတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ ချင်းလူမျိုး စစ်ဘေးရှောင် ၅၀,၀၀၀ ဝန်းကျင် ရှိတယ်လို့ ဒေသတွင်းရင်းမြစ်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013