
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခု လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက်ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိပ်မူကျေးရွာအုပ်စုမှာရှိတဲ့ရဲစခန်းကို အမည်မသိ အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
ဖားကန့် ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက "စာသင်ကျောင်းဘေးက ရဲစခန်းမှာ ညနေ ၅ နာရီလောက်က လက်နက်ကြီးနဲ့ နှစ်ချက်အပစ်ခံရတယ်။ အသံကတော့အတော်ကျယ်တယ်။ စခန်းထဲက သုံးး ဒဏ်ရာရတယ်လို့တော့သိရတယ်။ ဘယ်အဖွဲ့ပစ်သွားလည်းတော့မသိဘူး" လို့ ပြောပါတယ်။
စစ်တပ်ကုန်း (ဒေသအခေါ်) ရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး ညပိုင်းမှာ အနီးနားပတ်ဝန်းကျင်ကို ရဲစန်းကနေ လက်နက်ငယ်တွေနဲ့ ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်မှာ ပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မေလပိုင်း က ရဲစခန်းအနီးမှာ ဗုံးပေါက်ကွဲလို့ ရဲတပ်ဖွဲ့ဝင် သုံးယောက် ဒဏ်ရာ ရှိခဲ့ကာ အောက်တိုဘာလ ကလည်း နယ်ထိန်းရဲတပ်ဖွဲ့ဝင်တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။