DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့တွင် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာ ၃ ပါးကို စစ်တပ်က ဖမ်းဆီး
DVB
·
November 7, 2022
စစ်တွေမြို့တွင် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာ ၃ ပါးကို စစ်တပ်က ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာ ၆ ရက်နေ့ ညက ကျောင်းထိုင်ဆရာတော်တပါး အပါအဝင် သံဃာ ၃ ပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ သုခကာရီကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် အရှင်သုဂန္ဓ၊ ဦးဇင်းတပါးနဲ့ ကိုရင်ကြီးတပါးကို မနေ့ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတာလို့ စစ်တွေမြို့ ခံတယောက်က ပြောပါတယ်။

“ကျနော်တို့လည်း ဒီနေ့မနက်မှသိရတာပါ။ ဆရာတော်အပါဝင် ဘုန်းကြီး ၃ ပါး ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကိုတော့ အတိအကျ မသိရပေမယ့် ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ပြီး ဖမ်းဆီးတာဖြစ်နေတယ်။ အဲဒီ စစ်(...)တွေဟာ ရဟန်းသံဃာတွေနဲ့ ပရဟိတ သမားတွေကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မကြာခဏ ဖမ်းဆီးနေကြတာ။” 

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မကျောင်းတိုက်မှာလည်း နိုဝင်ဘာလ ၄ ရက်နေ့ညက ပဌာန်းပွဲကို ကြွရောက်နေတဲ့ ရွက်ညိုတောင်ရွာက ကျောင်းထိုင်ဆရာတော် ဦးပညာသီရိကို စရဖ အဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013