DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့် မြင်းမူတွင် ပျူစောထီးရွာနှင့် စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်
DVB
·
November 7, 2022
မုံရွာနှင့် မြင်းမူတွင် ပျူစောထီးရွာနှင့် စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ နိုဝင်ဘာ ၆ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်နေချိန် ပျူစောထီးရွာဖြစ်တဲ့ တောပုရွာကို သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်-၁၁ တပ်ရင်း (PDF- South Monywa) တာဝန်ရှိသူ ဒေါင်းကာရန်က ပြောပါတယ်။

“ထန်းလေးပင်မှာ တိုက်ပွဲဖြစ်ချိန် ၄၀ မမနဲ့ ၂ ချက်ပစ်ခဲ့တယ်။ ထန်းလေးပင်နဲ့ တောပုက မုံရွာ တောင်ဘက်ချင်း အတူတူပဲ။ ထန်းလေးပင်ကို မီးရှို့တဲ့အထဲမှာ တောပုကပျူတွေလည်း ပါတယ်။”

မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ချိန် ဒေသခံ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် တောပုရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။

ထန်းလေးပင်ရွာအနီး တိုက်ပွဲအတွင်း PDF အဖွဲ့ဝင် ၄ ယောက်နဲ့ ပြည်‌သူ ၄ ယောက် သေဆုံးခဲ့တယ်‌လို့ မုံရွာမြို့နယ်‌ ပြည်‌သူ့အုပ်‌ချုပ်‌‌ရေးအဖွဲ့ဝင်တယောက်က‌ ပြောပါတယ်‌။

“နိုဝင်‌ဘာ ၆ ရက်‌‌နေ့ ထန်းလေးပင်ရွာတဝိုက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာခဲ့လာတယ်‌။ စစ်‌‌‌ကောင်‌စီက အင်‌အား ၁၅၀ နဲ့ ထိုးလာခဲ့တယ်‌။ အဲဒီမှာ ကျနော်တို့ PDF အဖွဲ့‌တွေ တိုက်‌ပွဲဖြစ်‌ပွားခဲ့တယ်‌။ ကျနော်တို့ PDF အဖွဲ့က ၄ ဦးကျဆုံးပြီး ဒေသခံ‌ပြည်‌သူ ၄ ဦးကိုလည်း သတ်သွားတယ်‌။ စုစု‌ပေါင်‌း ၈ ဦး ကျဆုံးသွားတယ်‌။”

အခုထိ‌ စစ်ကောင်စီတပ်တွေ ရှိနေသေးတဲ့အတွက် ကျဆုံးသူ‌တွေရဲ့အ‌လောင်းကို မ‌ကောက်‌နိုင်‌‌သေးဘဲ အသတ်ခံရတဲ့ ပြည်‌သူ ၄ ယောက်ကလည်း ဘယ်‌ရွာက‌ ဘယ်‌သူ‌တွေဆိုတာ ပြောလို့မရ‌သေးဘူးလို့ ဆိုပါတယ်‌။

စစ်‌‌ကောင်‌စီ တယ်လီဂရမ်မှာတော့ PDF ဘက်‌က ၈ ဦး‌သေဆုံးပြီး ၊ အမ်-၂၂ သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ ကျည်အိမ် ၇ ခု၊ ကျည်ဆန် ၁၀ တောင့် သိမ်းဆည်းရခဲ့တယ်‌လို့‌ ဖော်‌ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာတော့ မြန်မာ့စီးပွားရေးဘဏ်မှာ စောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီကျော်က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သံပုရာသီးလက်ပစ်ဗုံးနဲ့ အမှတ်မထင် ပစ်ခတ်ခဲ့တယ်။ ဒီကောင်တွေ အုပ်စုဖွဲ့နေတဲ့ နေရာမှာ ကျတယ်။ သေတာက ၃ ကောင် အတိအကျသေတယ်။ တခြား ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိထားရတယ်။ ကိုယ့်ဘက်ကတော့ ဘေးကင်းကင်းနဲ့ မြို့ထဲကနေ ထွက်လာနိုင်ခဲ့တယ်။”

စစ်ကောင်စီတပ်ဟာ အခုလို မြို့ပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခံရတိုင်း မြို့ပေါ်က လူငယ်လေးတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးရိုက်နှက် ငွေတောင်း ပြန်လွှတ်ပေးတာတွေ လုပ်သလို ပြန်မလွှတ်ဘဲ ဖမ်းထားသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ကို ပစ်ခတ်ခဲ့တဲ့အဖွဲ့တွေကတော့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ရင်း-၇ နဲ့ လက်အောက်ခံတပ်ခွဲ-၃ True Fighter အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အခုလို တိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့စာရင်းကို စစ်ကောင်စီက ထုတ်ပြန်ထားတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013