A d v e r t i s e m e n t With Us

အာဖဂန်မြေပြိုမှုကြောင့် ရှင်သန်ကျန်ရစ်သူတွေကို အစားအစာနှင့် ခိုလှုံရာပေးမည်

အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက အရင်အပတ်က အကြီးအကျယ် မြေပြိုမှု ဖြစ်ခဲ့တဲ့ နိုင်ငံ အရှေ့မြောက်ပိုင်းကို မေ ၇ ရက်နေ့က သွားရောက်ခဲ့ပြီး ရှင်သန်ကျန်ရစ်သူတွေအတွက် အစားအစာနဲ့ ခိုလှုံရာနေရာတွေ စီစဉ်ပေးဖို့ ကတိပြုလိုက်ပါတယ်။ Afgan 5ဝေးလံသီခေါင်ပြီး တောင်ထူတဲ့ ဘာဒက်ရှန်ပြည်နယ် အာဂိုခရိုင်ထဲက လူ ၅၀၀ ကနေ ၂၇၀၀ အကြား မြေပိခဲ့တယ်လို့ ခန့်မှန်းထားတဲ့ တောင်စောင်းပြိုကျမှု ဖြစ်အပြီး ၅ ရက် အကြာမှာ ခုလို ကတိပြုလိုက်တာ ဖြစ်ပါတယ်။ တောင်ပြိုမှုကြောင့် လူတွေဟာ မြေသားတွေနဲ့ အပျက်အစီးတွေ မီတာ ငါးဆယ်လောက် အောက်မှာပိနေလို့ သေဆုံးသူအရေအတွက် အတိအကျကို မခန့်မှန်းနိုင်ခဲ့ပါဘူး။ နောက်ထပ် မြေပြိုမှုတွေ ဖြစ်နိုင်ခြေရှိလို့ ရှင်သန်ကျန်ရစ်သူတွေ သူတို့အိမ်ကို မပြန်ဖို့ သတိပေးထား ပြီးပါပြီ။ လူအယောက် ၄ ထောင်လောက်ကို နေရာရွှေ့ပြောင်းပေးထားရပါတယ်။ မြှုပ်နေတဲ့ အိမ်တွေနားက တောင်ကုန်းထိပ်က ရာနဲ့ချီတဲ့ ယာယီတဲတွေထဲမှာ ရှင်သန် ကျန်ရစ်သူတွေကို နေရာပေးထားပါတယ်။ အာဖဂန် စစ်ရဟတ်ယာဉ်တွေက အစားအစာ ရေနဲ့ ဆေးဝါးတွေကို သယ်ပို့ပေးပြီး အကူအညီပေးရေး အဖွဲ့တွေက ဒေသတွင်းတန်နဲ့ချီတဲ့ အစားအစာတွေကို ဆိုးဝါးတဲ့လမ်းကို ဖြတ်ပြီး ပေးပို့ ခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို ကုသပေးဖို မြို့တော် ကဘူးလ်က ဆရာဝန်တွေကိုလည်း စေလွှတ် တာဝန်ချထားပါတယ်။ ရွှံ့မြေ အောက် နစ်မြှုပ်ခဲ့တဲ့ သူတွေရဲ့ ၀ိညာဉ်ကို ဘုရားသခင်က ကောင်းချီးပေးပါစေ အာဖဂန်နစ်စတန်ကို ကြွယ်ဝမှု တိုးတက်မှုနဲ့ ငြိမ်းချမ်းရေးတွေ ပေးပါစေ လို့လည်း သမ္မတ ကာဇိုင်းက ပြောပါတယ်။ ၁၂နှစ်ကျော် အာဏာရခဲ့တဲ့ အာဖဂန်သမတဟာ အခြေခံ ဥပဒေအရ ဒီနှစ်မှာ ရာထူးက ဆင်းပေးဖို့ ရှိပါတယ်။ တာလီဘန် သူပုန်တွေရဲ့ အလားအလာ စီးပွားရေးယိုယွင်းမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ သမ္မတသစ်အတွက် ချန်ရစ်ခဲ့ပါတယ်။ ဧပြီ ၅ ရက်နေ့က သမ္မတရွေးကောက်ပွဲကတော့ ဘယ်သူမှ တိတိကျကျ နိုင်သူ မရှိဘဲ ပြီးဆုံးခဲ့တာပါ။ မဲအများဆုံးရထားတဲ့ ၀န်ကြီးဟောင်း အဗ်ဒူလာ အဗ်ဒူလာနဲ့ ကဘာ့ဘဏ်အရာရှိ ဟောင်း အဲ့ရှ်ရဲ့ဖ် ဂါနီတို့ ၂ ဦးအတွက် ရွေးကောက်ပွဲကိုတော့ ဇွန်လ ၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up