DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးအစောင့် ဒဏ်ရာရ
DVB
·
November 7, 2022
ထိုင်းတွင် မြန်မာအလုပ်သမား သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ထိုင်းလုံခြုံရေးအစောင့် ဒဏ်ရာရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင် ဖရစမွတ်ကျေးဒီးမြို့မှာ မြန်မာ အလုပ်သမား ၁ ဦးက ထိုင်းလုံခြုံရေးအစောင့် ၁ ဦးကို သေနတ်နဲ့ပစ်ခတ်လို့ ဒဏ်ရာရသွားပါတယ်။ 

နိုဝင်ဘာ ၅ ရက် ည ၇ နာရီခွဲလောက်က ဖရစမွတ်ကျေးဒီးမြို့ နိုင်းစလောင်းဘန်းပလာ ကွတ်ရပ်ကွက် မော်ဘန်လမ်းထဲမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း အကြောင်း ကြားချက်ရတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို့ မြို့နယ်ရဲစခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

မော်ဘန်းလမ်းထဲ ၂ ထပ်အဆောင် ဒုတိယထပ် အခန်းနံပါတ် ၆ မှာ အခင်းဖြစ်ခဲ့ပြီး ညဘက်ရင်အုံမှာ သေနတ်ဒဏ်ရာနဲ့ လဲနေသူကိုတွေ့ရတာကြောင့် လူနာတင်ကားနဲ့ ဆေးရုံကို အမြန်ဆုံးပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသူမှာ အသက် ၆၂ နှစ်အရွယ် နိုင်းဝမ်းချိုင်းဆိုသူဖြစ်ပြီး လုံခြုံရေးအလုပ်သမား ၁ ဦးဖြစ်ကြောင်း၊ အဲဒီနေ့က အလုပ်ဆင်းပြီး အဆောင်မှာပြန်နားနေစဉ် ပြတင်းပေါက်က နေလှမ်းပြီး အပစ်ခံရတယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင် ရှေ့က အခန်း ၉ မှာနေထိုင်တဲ့ မင်းဇော် (၄၃ နှစ်) ဆိုသူမြန်မာအလုပ်သမားနဲ့ စကားများခဲ့ကြောင်း၊ မင်းဇော်မှာ ပစ္စည်းအဟောင်းအပျက်တွေ ပြန်ပြင်တဲ့အလုပ်လုပ်ပြီး အဲဒီ နေ့က သူ့ရဲ့အခန်းမှာ ပစ္စည်းပြင်သံထုရိုက်သံတွေကျယ်လောင်နေလို့ နိုင်းဝမ်းချိုင်းက သူအလုပ် နားချိန် အေးအေးလူလူနေချင်တာကြောင့် အသံတိုးပေးဖို့သွားပြောခဲ့တယ်လို့ ဒဏ်ရာရသူက ပြောပါတယ်။

အလားတူ ဘေးအခန်းကလူတွေလည်း လာပြောသလို တစုံတယောက်က အဆောင်ပိုင်ရှင်ကို သွားတိုင်ခဲ့ကြောင်း၊ အဆောင်ရှင်က လာရောက်သတိပေးပြီး ပြန်သွားတဲ့နောက် ည ၇ နာရီ ခွဲလောက်မှာ မင်းဇော်က အပြင်ကနေပြန်လာပြီး သေနတ်နဲ့ဓားပါ ကိုင်ဆောင်လာကြောင်း၊ နိုင်းဝမ်းချိုင်းကိုလည်း အပြင်ကနေ သူခိုးလို့ စွပ်စွဲအော်ဆဲခဲ့ကာ နိုင်းဝမ်းချိုင်းကလည်း ဘာမှမခိုးရဘူးလို့ပြန်ပြောပြီး နှစ်ဖက်အပြန်အလှန်ဆဲကြစဉ် မင်းဇော်က ပြူတင်းပေါက်ကနေ သေနတ်နဲ့ ၂ ကြိမ်ပစ်ထည့်ပြီး နိုင်းဝမ်းချိုင်းရင်ဘတ်ကို ၁ ချက်ထိမှန်သွားတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက စီစီတီဗွီပြန်ဖွင့်ကြည့်ပြီး မင်းဇော်ကို လိုက်ဖမ်းရာမှာ အဲဒီညမှာပဲ ဝပ်လဲမ်ဖာ့ လမ်းကြားထဲမှာ ဆိုင်ကယ်စီးပြီး ဘန်ကောက်ဘက် ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်နေစဉ် ဖမ်းမိခဲ့ကြောင်း၊ အဖမ်းခံရချိန်မှာလည်း မင်းဇော်ဟာ အရက်မူးနေပြီး ဘာမှမေးလို့မရဘဲ ဝေ့ လည်ကြောင်ပတ်ဖြေနေတယ်လို့ ဆိုပါတယ်။ 

ရဲစခန်းက သူ့ကို အများပိုင်နေရာမှာ ခွင့်ပြုချက်မရဘဲ လက်နက်ကိုင်ဆောင်မှု၊ တပါးသူသေကြေ ဒဏ်ရာရအောင် တမင်ကြံဆောင်မှု၊ သေနတ်ပစ်မှုတွေနဲ့ ကနဦးအမှုဖွင့်အရေးယူထားပါတယ်။ 

ကိုးကား - https://www.thaipost.net/criminality-news/257132/

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013