DVB Logo
Home
မြန်မာသတင်း
ဗန်းမော်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့်အမြောက်တပ်ကို ကေအိုင်အေက လက်နက်ကြီးဖြင့်ပစ်
DVB
·
November 6, 2022
ဗန်းမော်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့်အမြောက်တပ်ကို ကေအိုင်အေက လက်နက်ကြီးဖြင့်ပစ်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ-၂၁ နဲ့ လေယာဥ်ကွင်းနားက အမတ-၃၆၆ အမြောက်တပ်ထဲကို ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) က နို၀င်ဘာ  ၅ ရက် ည ၆ နာရီ ကျော်လောက်က တာ​ဝေးပစ် ရှော့တိုက်ဒုံးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခံရတာကြောင့် အမတ-၃၆၆ တပ်ထဲက တင့်ကားတစီး ပျက်စီးခဲ့သလို စကခ- ၂၁ တပ်နဲ့ အမတ- ၃၆၆ က စစ်သားတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးတာလည်း ရှိတယ်လို့ ဆိုပေမဲ့ တိကျတဲ့ စာရင်းတော့ မရပါဘူး။

ဒေသခံတဦးက “ဒီမနက်မှာ  နောင်ခိုလမ်းဆုံနဲ့ မြို့ထဲလမ်းဆုံတွေမှာ အစစ်အဆေး တင်းကျပ်နေတယ်” လို့ ပြောပါတယ်။

အခုလို တိုက်ခိုက်ခံရပြီးနောက် စကခ ၂၁ ရဲ့  လက်နက်ကြီးတပ်က KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေတွေဘက်ကို လက်နက်ကြီးနဲ့  ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့လည်း စစ်ကောင်စီနဲ့ ကေအိုင်အေက  သတင်း မထုတ် ပြန်သေးသလို သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

နို၀င်ဘာ ၅ ရက် ညနေကလည်း မိုးမောက်မြို့နယ် လွယ်ဂျယ်လမ်းရှိ လော့ဒန် ရှေ့တန်းတပ်စခန်းမှာ KIA တပ်မဟာ ၃၊ အမှတ် ၁၅ တပ်ရင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013