
မကွေးတိုင်း ရေစကြိုမြို့နယ်မှာ နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက နေအိမ် ၁လုံးကို စစ်ကောင်စီ တပ်က ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ်(၈) စိတ္တသုခရပ်ကွက်က ကိုပြည်သိန်းရဲ့ နေအိမ်ကို အဲဒီနေ့ မွန်းလွဲ ၁ နာရီ ကျော် လောက်မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ရောက်လာပြီး ချိပ်ပိတ်သိမ်းဆည်းခဲ့တာလို့ ရေစကြို မြို့ဒေသခံတယောက်က ပြောပါတယ်။
ကိုပြည်သိန်းဟာ NLD ပါတီထောက်ခံ ဝန်းရန်သူ တယောက်ဖြစ်တာကြောင့် PDF နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ကာ ဖမ်းဝရမ်းအထုတ်ခံထားရပြီး နေအိမ်ချိပ်ပိတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
မကွေးတိုင်းမှာ စစ်တပ်ကအဏာသိမ်းပြီးနောက်ပိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီဝန်းရန်ထောက်ခံသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ် ၅၀ ထက် မနည်းချိပ်ပိတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။