DVB Logo
Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်၌ ဒေသခံရွာသား ၁၀ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီး
DVB
·
November 6, 2022
ဘိုကလေးမြို့နယ်၌  ဒေသခံရွာသား ၁၀ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စု မရမ်းကွဲကျေးရွာမှာ ရာအိမ်မှူး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ၃ ရက်အတွင်း ဒေသခံပြည်သူ ၁၀ ယောက် ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရာအိမ်မှူး  မြင့်ဇော် (ခ) ရှုပ်ထွေးဟာ နိုဝင်ဘာ ၃ရက် ညပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးနားကျေးရွာတွေမှာရှိတဲ့ အန်အယ်လ်ဒီပါတီနဲ့ နီးစပ်သူ အပါအ၀င် ဒေသခံ ၁၀ ယောက်လောက်ကို လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

မရမ်းကွဲကျေးရွာဒေသခံတစ်ဦးက "ရှုပ်ထွေး (မြင့်ဇော်) သေနတ်နဲ့ပစ်ခတ်ခံရအပြီး မလော့ဒိုင်နယ်ကျေးရွာတွေက အန်အယ်လ်ဒီနဲ့ နီးစပ်ခဲ့တဲ့သူတွေကိုလိုက်ဖမ်းတာ။ ကျနော်သိရသလောက်ကတော့ အားလုံး ၁၀ ယောက်လောက်ရှိပြီး အားလုံးကို  ရဲစခန်းမှာ ဖမ်းထားတယ်။ လယ်ယာ လုပ်ငန်း လုပ်ကိုင်သူတွေလည်း အဖမ်းခံထားရတယ်။ အရင် အန်အယ်လ်ဒီနဲ့ ပတ်သက်ခဲ့ဖူးသူတချို့လည်း တိမ်းရှောင်နေရတာတွေရှိတယ်"လို့ ပြောပါတယ်။

ရာအိမ်မှူး မြင့်ဇော်ဟာ စစ်ကောင်စီ သတင်းပေးဖြစ်တဲ့အတွက် ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပေမဲ့ သတင်းပေး ဒလန်ဖြစ်ကြောင်း  ဒီဗွီဘီ အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပစ်ခတ်ခံခဲ့ရတဲ့ ရာအိမ်မှူး မြင့်ဇော်ကတော့ ခြေထောက်နဲ့ ဝမ်းဗိုကမှာ သေနတ်ဒဏ်ရာ ၅ ချက် ထိမှန်ပြီး ဘိုကလေးပြည်သူ့ဆေးရုံမှာ လက်ရှိ ဆေးကုသမှုခံယူနေပါတယ်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပြီးနောက် မလော့ကျေးရွာအုပ်စု၊ မရမ်းကွဲရွာ၊ ကညင်ကွဲ ပေချောင်းစတဲ့ကျေးရွာတွေက ဒေသခံပြည်သူ တွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013