DVB Logo
Home
မြန်မာသတင်း
ရေဖြူတွင် ကထိန်သွားသည့်ယာဉ်ကို စစ်တပ်ကပစ်ခတ်၊ ဘုန်းကြီးတပါး ဒဏ်ရာရ
DVB
·
November 5, 2022
ရေဖြူတွင် ကထိန်သွားသည့်ယာဉ်ကို စစ်တပ်ကပစ်ခတ်၊ ဘုန်းကြီးတပါး ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း  ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာ အရှေ့ကျောင်းဆရာတော် ဥူးဓမ္မဝံသ လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို နိုဝင်ဘာ ၅ ရက် မနက် ၅ နာရီလောက်က နဘုလယ်ဒေသမှာ ကင်းပုန်းဝပ် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ဆရာတော်ဟာ ပေါင်ထိမှန်ပြီး ထားဝယ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နဘုလယ်ဒေသခံ တဦးက “ပရဒတ်ရွာကထိန်ကို ကြွတာပါ။  ကျောင်းက ကားပါပဲ။ ဘာဖြစ်လို့ ပစ်မှန်းမသိဘူး။ ပစ်ခံရတာက မူးဒူးနဲ့ထိန်ကြီးကြားက ဇွန်အင်းတံတား (ပုစွန်အင်းတံတား) မှာပါ။ ၆ ချက်ပစ်ခံရတယ် ဆရာတော်မှာ ပေါင်ထိတယ်။ ကားသမားကမထိဘူး” လို့ ပြောပါတယ်။

နဘုလယ်ဒေသကို စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်လာရောက်မှာဖြစ်လို့ လုံခြုံရေးယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၂ ရက်ကတည်းက ဝင်ရောက်လာပြီး မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ်ရွာတွေမှာ  ကင်းပုန်းဝပ်နေတာဖြစ်ပါတယ်။

ရေဖြူမြို့နယ်  ခမောင်းချောင်းရွာအနီးပတ်ဝန်းကျင်က ရွာတွေမှာတော့ နိုဝင်ဘာ ၂ ရက်ညက ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာကြောင့် ရွာသားတချို့ ရှောင်နေကြပေမဲ့ တချို့ရွာတွေမှာတော့ တိမ်းရှောင်းသွားတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လက နဘုလယ်ဒေသကို စစ်ကြောင်းထိုးစဉ်ကလည်း ဧကနိရွာ ဘုန်းကြီးကျောင်းက အခန်းနေ သံဃာတော်တပါး ရေဖြူမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တာရှိတယ်လို့ ရေဖြူပအဖရဲ့ မှတ်တမ်းတွေအရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013