DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်တပ်က အနီးရှိပြည်သူများကို ရိုက်နှက်စစ်ဆေး
DVB
·
November 5, 2022
ရေစကြိုတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်တပ်က အနီးရှိပြည်သူများကို ရိုက်နှက်စစ်ဆေး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာလမ်းဆုံမှာ နိုဝင်ဘာ ၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်တပ်က ညနေပိုင်းမှာ အနီးနားစျေးဆိုင်က ပြည်သူတွေကို ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ Yesagyo Revolution Group အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ကျောက်လှေခါးရွာလမ်းဆုံမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အတားအဆီးတွေချ စစ်ဆေးခဲ့ပြီး တနာရီအကြာမှာ အတားအဆီးတွေကိုလာရှင်းတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတယောက် ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ နာရီဝက်ကြာ စစ်ဆေးပြီးတော့ ဂွေးချိုရွာက စစ်သား ၅ ယောက် လာတယ်။ ကျနော်တို့ဘက်က မိုင်းဆွဲလိုက်တော့ တယောက်တော့သေတယ်။ ညနေဘက်မှာ သူတို့က စျေးဆိုင်အကုန်လုံးက လူတွေကို ရိုက်စစ်တယ်။ ရွှေတွေလည်း ယူသွားကြတယ်။”

စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်သွားတဲ့ နေရာအနီးနား စျေးဆိုင်က လူတွေကိို ရိုက်နှက်စစ်ဆေးခဲ့တာဖြစ်ပြီး ယူဆောင်သွားတဲ့ ရွှေပမာဏကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ဆောင်းဦးကာလ ရောက်ပြီဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အခုတိုက်ခိုက်မှုကို Yesagyo Revolution Group - YRG အဖွဲ့နဲ့ Urban Underground Revolution Force - UURF၊ Southern YSO PDF၊ Shwe Nyar Myae PDF၊ King Cobra PDF၊ Zarmani Blood Guerilla Army-Myaing၊ Royal PKU UG၊ ညီနောင်သုံးဖော်နဲ့ ဒေါင်းစစ်သည် မဟာမိတ်အဖွဲ့တို့ ပူးပေါင်း စစ်ဆေးရေးပြုလုပ်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013