DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် စက်လှေပိုင်ရှင် ၂ ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် စစ်ကောင်စီက အမှုထပ်ဖွင့်
DVB
·
November 4, 2022
စစ်တွေတွင် စက်လှေပိုင်ရှင် ၂ ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် စစ်ကောင်စီက အမှုထပ်ဖွင့်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းချောင်းတံတားနားမှာ ဖမ်းဆီးခံခဲ့ရတဲ့ စက်လှေပိုင်ရှင် ၉ ယောက်ထဲက ၂ ယောက်ကို  စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁) နဲ့ နိုဝင်ဘာ ၂ ရက်မှာ ထပ်မံအမှုဖွင့်လိုက်ပါတယ်။

ထပ်မံအမှုဖွင့်ခံရတဲ့ စက်လှေပိုင်ရှင်တွေကတော့ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာက ဦးသိန်းထွန်းနဲ့ မကျည်းချောင်းရွာက ဦးသန်းဝင်းတို့ဖြစ်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့မှာ တရားရုံးကို အမှုရင်ဆိုင်ဖို့လာတဲ့အချိန်မှာ ဦးသိန်းထွန်းကို စရဖအဖွဲ့တွေက ဖမ်းခေါ်သွားပြီး ဦးသန်းဝင်းကတော့ ရုံးချိန်းရက်မှာ ခရီးလွန်နေလို့ ဖမ်းဆီးမခံလိုက်ရဘူးလို့ ဒေသခံကပြောပါတယ်။

စက်လှေပိုင်ရှင်တွေရဲ့ ဆွေမျိုးတော်စပ်သူတယောက်က “အဲဒီစက်လှေ ၉ စီးဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားနားမှာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်(...)တွေက ဖမ်းဆီးခဲ့ပြီး စစ်လှေပိုင်ရှင်တွေကို ​စစ်တွေမြို့မရဲစခန်းမှာ ပြည်တွင်းရေကြောင်း ဥပဒေပုဒ်မ ၄၃ နဲ့ အမှုဖွင့်ထားပြီး နိုဝင်ဘာလ ၂ ရက်မှာ စက်လှေပိုင်ရှင် နှစ်ယောက်ကို မတရားအသင်းဆက်သွယ်မှုနဲ့ ထပ်မံအမှုဖွင့်ခံခဲ့ရတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစက်လှေပိုင်ရှင်တွေက ULA/AA ကို စက်လှေအကြီးတစီးကို ၅၀,၀၀၀ ကျပ်၊ စက်လှေ အငယ်တစီးကို ၃၀,၀၀၀ ကျပ် အခွန်ပေးဆောင်ရတယ်လို့ ထွက်ဆိုတာကြောင့် ULA/AA နဲ့ ဆက်သွယ်တဲ့အတွက်ထပ်မံ အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။

စက်လှေပိုင်ရှင် ၉ ယောက်နဲ့ စက်လှေ ၉ စီးကို စစ်ကောင်စီတပ်က အောင်တိုဘာ ၁၂ ရက် ညနေ ၅ နာရီလောက်က စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာနားက မင်းချောင်းတံတားအောက်မှာ ဆိုက်ကပ်ထားစဥ် စစ်ကား ၄ စီးနဲ့ လာရောက် ဖမ်းဆီးသွားခဲ့ကြတာပါ။

ဒီနောက် စက်လှေပိုင်ရှင် ၉ ယောက်ကို ပြည်တွင်းရေကြောင်းသွား ရေယာဥ်ဥပဒေပုဒ်မ -၄၃ နဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်လိုက်ကာ အောက်တိုဘာ ၂၂ ရက်က အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ စက်လှေနဲ့ ပိုင်ရှင်တွေကတော့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ကုန်ပစ္စည်း ပို့ဆောင်တဲ့ စက်လှေတွေဖြစ်ပြီး ရေချမ်းပြင်၊ သင်းပုန်းတန်း၊ စေတီပြင်၊ ရသေ့တောင်၊ မန်းကျည်းချောင်းနဲ့ အမြင့်ကျွန်း ကျေးရွာတွေက စက်လှေနဲ့ ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။

ရေကြောင်းကန့်သတ်ခံထားရတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊  မောင်တော၊ အငူမော်စတဲ့ မြို့နယ်တွေကို ဆေးဝါးနဲ့ စားသောက်ကုန်တချို့ကို စက်လှေတွေနဲ့  ပို့ဆောင်နေတာကြောင့် အခုလို အရေးယူရတာလို့ ရဲအရာရှိ တဦးက ဒီဗွီဘီကို ​ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း မြို့အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ဧည့်စာရင်း စစ်ဆေးတာတွေ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013