Home
မြန်မာသတင်း
မိုးမောက် စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော် ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်
DVB
·
November 4, 2022
313423744_196040502892858_8346714929301554633_n

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာတဲ့ စစ်ဘေးရှောင် ၁၀၀၀ ကျော်အတွက်  အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ  လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နဲ့ စစ်ကောင်စီတပ်တို့ဟာ မိုးမောက်မြို့ အရှေ့ဘက်ခြမ်း လုံဂျာဘွမ်တောင်ခြေနားမှာ တိုက်ပွဲဖြစ်နေပြီး အဲဒီနားက လုံဂျာ၊ ဝဝမ်၊ နောင်ပေါက်၊  ခါနန်နဲ့ ကွမ်ဘန်ကျေးရွာတွေက ဒေသခံတွေဟာ နေရပ်စွန်ခွာခဲ့ရပြီး အခုလို လိုအပ်နေတာလို့ ဆိုပါတယ်။

ခါနန်ကျေးရွာက စစ်ဘေးရှောင် တဦးက "လုံဂျာဘွမ်တောင်ခြေနားမှာ လက်နက်ကြီးတွေနဲ့  တဂျိမ်းဂျိမ်းပစ်နေကြတယ်။ ဘေးလွတ်ရာ တိမ်းရှောင်နေကြတာ။ ရွာက ပစ္စည်းတွေ ဒီတိုင်းထားခဲ့ပြီး လာရတာဆိုတော့ ဘာမှကို ပါမလာဘူး။ အစားအသောက် ဆေးဝါးနဲ့ အဝတ်အထည်တွေလိုအပ်တယ်" လို့ ဆိုပါတယ်။

လုံဂျာဘွမ်တောင်ခြေနားမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ  အောက်တိုဘာ ၂၂ ရက်က စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ မိုးမောက်မြို့ပေါ်က ဘုန်းကြီး ကျောင်း ဘုရားရှိခိုးကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေများအိမ်မှာ တည်းခိုနေထိုင်ကြရတာပါ။

မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေနားမှာ အောက်တိုဘာ ၂၉ ရက်က လက်နှက်ကြီးကျည် ၃ လုံး လူနေအိမ်တွေ ကြားကျရောက်ခဲ့လို့ အသက် ၅၀ အရွယ်အမျိုးသမီး တယောက် ကျည်ထိမှန်ဒဏ်ရာရခဲ့လို့ မိုးမောက်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။

photo cj

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024