DVB Logo
Home
မြန်မာသတင်း
ဗန်းမော် စစ်ရှောင်စခန်းမှ အမျိုးသား ၉ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
November 3, 2022
ဗန်းမော် စစ်ရှောင်စခန်းမှ အမျိုးသား ၉ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရောဘတ်နှစ်ခြင်းဘုရားကျောင်းဝန်းရှိ IDP စစ်ရှောင်စခန်းကို နိုဝင်ဘာ ၂ ရက် ည ၉ နာရီကျော်လောက်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ အင်အား ၄၀ လောက် ရှောင်တခင်ဝင်ရောက်ပြီး အမျိုးသား ၉ ယောက်ကို အကြမ်းဖက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ လူဦးရေ ၄,၀၀၀ ခန့်၊ အိမ်ထောင်စု ၆၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းနဲ့ နီးစပ်သူတယောက်က “ညကြီးမိုးချုပ် ရုတ်တရက် ဝင်လာပြီး ဧည့်စာရင်းစစ်တာမှာ လာတည်းကြတဲ့ ဧည့်သည်၊ ဆွေမျိုး အသိတချို့ စာရင်းမမှတ်ထားတဲ့ အမျိုးသားတွေကို ဖမ်းသွားတာပါ။ သူတို့က လက်နက်တွေနဲ့ဆိုတော့ ဘာမှပြောခွင့်မသာဘူး။ ဘုရားကျောင်းအပြင် လမ်းတလျှောက်မှာလည်း စစ်တပ်ကားတွေ ရဲကားတွေနဲ့ စစ်သားတွေအများကြီးပဲ။ အဲ့အချိန် ဖြတ်သန်းသွားတဲ့သူမှန်သမျှကို စစ်ဆေးမေးမြန်းပြီး မသင်္ကာရင် တခါတည်း ဖမ်းထားလိုက်တာ။ ဖမ်းဆီးသွားတဲ့သူတွေကို ဘယ်မှာချုပ်နှောင်ထားမှန်း မသိရသေးဘူး။ နောက်ထပ် IDP စစ်ရှောင်စခန်းက လူတွေအတွက် စိုးရိမ်မိတယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗန်းမော်မြို့ရှိ တည်းခိုခန်း၊ ဟိုတယ်၊ ရပ်ကွက်တွေထဲမှာ ရှောင်တခင် ဧည့်စာရင်းစစ်ဆေး ဖမ်းဆီးလေ့ရှိပြီး လူမသိသူမသိ ဖမ်းဆီးခံလိုက်ရတဲ့ အရေအတွက်ကိုတော့ မသိရဘဲ အခုလို IDP စစ်ရှောင်စခန်းကို ဝင်မွှေပြီး ဧည့်စာရင်းစစ်ကာ အမျိုးသားတွေပဲ ဖမ်းဆီးခံလိုက်ရတာဟာ ပထမဆုံးဖြစ်တယ်လို့လည်း သိရပြီး အဲဒီလူတွေ ပြန်လွတ်ဖို့ တာဝန်ရှိသူတွေ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

အခုလိုဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရောဘတ်နှစ်ခြင်းဘုရားကျောင်းဝန်းရှိ IDP စစ်ရှောင်စခန်း တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

နိုဝင်ဘာ ၃ ရက် ဒီနေ့မနက်အစောပိုင်းက ဗန်းမော်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်သင်္ဘောတွေ ပြန်လည်ထွက်ခွာသွားပြီး သင်္ဘောအထွက်မှာ ထိပ်ဆုံးသင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ မိုးပေါ်ထောင်ပစ်ကာ ထွက်ခွာသွားတာကြောင့် မြို့ခံတွေ ထိတ်လန့်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013