ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာ ကျောင်းသား ၁,၃၀၀ ကျော် ဝင်ခွင့်ပေးလိုက်ပြီး လာမယ့် နိုဝင်ဘာ ၂၁ ရက်မှာ ကျောင်းစတက်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ကြေညာပါတယ်။
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက အောက်တိုဘာ ၃ ရက် ဒီနေ့ထုတ်ပြန်တာ ဖြစ်ပြီး ရန်ကုန်ဆေးတက္ကသိုလ် ၁ မှာ ၃၄၅ ယောက်၊ ဆေးတက္ကသိုလ် ၂ မှာ ၃၃၇ ယောက်၊ မန္တလေးဆေးတက္ကသိုလ်မှာ ၂၇၂ ယောက်၊ မကွေးဆေးတက္ကသိုလ်မှာ ၁၂၁ ယောက်နဲ့ တောင်ကြီးဆေးတက္ကသိုလ်မှာ ၄၈ ယောက် ဝင်ခွင့်ရတယ်လို့ ဆိုပါတယ်။
ရန်ကုန် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှာ ၁၄၅ ယောက်နဲ့ မန္တလေးမှာတော့ ၇၉ ယောက် ဝင်ခွင့်ရထားပါတယ်။
အခုဝင်ခွင့်ရသူတွေဟာ လာမယ့် ၈ ရက်နေ့ကစလို့ သက်ဆိုင်ရာကျောင်းတွေမှာ သတင်းပို့ရမှာဖြစ်ပြီး ၂၀ ရက်နေ့အထိ ကျောင်းမအပ်ရင် ဝင်ခွင့်ပယ်ဖျက်မယ်လို့လည်း ဆိုပါတယ်။