DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ္စတိုသေနတ် ၂ လက် မဲဖောက်ရောင်းချ
DVB
·
November 3, 2022
ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ္စတိုသေနတ် ၂ လက် မဲဖောက်ရောင်းချ
Donate to DVB

မြို့ပြတိုက်ခိုက်မှုတွေ​ကို ပိုပြီးထိရောက်အောင်  ၄၀ မမ ဗုံးသီး အသုံးပြု ပစ်ခတ်ရတဲ့ M79 လောင်ချာသေနတ်ဝယ်ယူဖို့အတွက် ပစ္စတိုနှစ်လက်ကို ကံစမ်းမဲဖောက် ရောင်းချမယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ Guerrilla Dawei က ပြောပါတယ်။

၉ မမကျည်သုံး ပစ္စတိုနှစ်လက်ရဲ့ တန်ဖိုးဟာ ဘတ်ငွေ ၈၅,၀၀၀ သာရှိပေမဲ့ M79 လောင်ချာသေနတ်တလက် တန်ဖိုးဟာ ဘတ်ငွေ ၁၆၀,၀၀၀ ရှိတာမို့ အခုလို ဘတ်ငွေ ၁၆၀,၀၀၀ ရရှိနိုင်မယ့် ရန်ပုံငွေရှားတဲ့ ကမ်ပိန်း လုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကံစမ်းမဲတစောင် ဘတ်ငွေ ၈၀၀ နဲ့ ပေါက်မဲနှစ်မဲပါရှိမယ့် အဲဒီကမ်ပိန်းကို ကံစမ်းမဲအစောင်ရေ ၂၀၀ ပြည့်ပါက မဲဖောက်ပေးမှာဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေအတွက် ရည်ရွယ်တဲ့သူတွေသာ ကံစမ်းမဲဝယ်ယူနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကံစမ်းမဲတွေကိုတော့ Guerrilla Dawei နဲ့ အဖွဲ့တာဝန်ခံဖြစ်တဲ့ Peter (Guerrilla Dawei) ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကနေ ဝယ်ယူနိုင်တယ်လို့ဆိုပါတယ်။

ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုပီတာက “M79 က မြို့ပြပြောက်ကျားတွေအတွက် အရမ်းကို အရေးပါပါတယ်။ လုံခြုံဘေးကင်းစွာနဲ့ တချက်ပစ်တိုင်း အရမ်းကိုထိရောက်တဲ့ မစ်ရှင်တွေ ပြုလုပ်လို့ရနိုင်ပါတယ်။ သာမန်သေနတ်တလက်က တချက်ကို (--)တကောင်သာ သေနိုင်ပေမဲ့ M79 ကတော့ တချက်တည်းနဲ့ ၃ ကောင် ၄ ကောင်လောက်လည်း သေနိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ထားဝယ်မြို့အခြေအနေဟာ လုံးဝအကျပ်အတည်းဖြစ်နေတာမို့ လုံခြုံထိရောက်တဲ့ တိုက်ခိုက်မှုတွေလုပ်ဖို့ လိုအပ်တဲ့လက်နက် မရှိတာကြောင့် တိုက်ခိုက်မှုတွေ တဖြည်းဖြည်း အားနည်းလာရတယ်လို့လည်း သူက ပြောပါတယ်။

ထားဝယ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းကတည်းကနေ အခုထိ စစ်တပ်၊ ရဲနဲ့ ယာဥ်ထိန်းရဲတွေ ပူးပေါင်းပြီး မနက် ၈ နာရီမှ ညနေ ၆ နာရီကျော်လောက်အထိ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေး ဖမ်းဆီးတာတွေ နေ့တိုင်းနီးပါး ပြုလုပ်နေတဲ့အပြင် ဧည့်စာရင်းလည်း မကြာခဏစစ် လေ့ရှိတယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ Guerrilla Dawei ဟာ ထားဝယ်မြို့ အာဇာနည်ဗိမာန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်တာ၊ မိုင်တဲအရောင်းပြခန်းနဲ့ ကညနရုံးတွေကို ဝင်ရောက်စီးနင်း ပစ်ခတ်တာတွေ အပါအဝင် ထားဝယ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်မှု အကြိမ် ၂၀ လောက် ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013