DVB Logo
Home
မြန်မာသတင်း
မြင်းမူနှင့် မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
November 2, 2022
မြင်းမူနှင့် မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂ ရက် မနက် ၉ နာရီ မိနစ် ၄၀ လောက်က ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာ ကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကို People's Army To Fight Dictatorship (PAFD) တပ်ခွဲ DK PDF (MMU)၊ People's Knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF)၊ D.B.B.F-MMU မဟာမိတ်အဖွဲ့တွေက မိုင်းဘီလူး ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၁ ရက် ည ၈ နာရီလောက်က စစ်ကိုင်း တပ်မ ၃၃ မှ အုန်းတောအမြောက်တပ်တွင်းကို စစ်ကား ၂ စီးနဲ့ ဝင်ရောက်ခဲ့ပြီး အဲဒီကတဆင့် ည ၁၂ နာရီလောက်မှာ မြင်းမူမြို့ အထက ၁ ကျောင်းတွင်းကို ရောက်ရှိလာတာဖြစ်တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂ ရက် မနက် ၆ နာရီမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ လောက်ဟာ မြင်းမူမြို့ မြို့ရှောင်ရထားသံလမ်းကနေ ခြေလျင်ဆင်းပြီး အနီးအနား တောတွေကနေစကာ စစ်ကြောင်းထိုးလာခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ရုပ်အလောင်းတွေ မုံရွာကို သယ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းပြီး အလ္လကပ္ပရွာတွင်းကို ဆက်သွားတယ်လို့ သိရပါတယ်။

အလားတူ မုံရွာ-မန္တလေးလမ်းပိုင်းရှိ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီယာဉ်တစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်‌လို့ Monywa Peregrin အဖွဲ့က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်‌ပြန်‌ပါတယ်‌။

နိုဝင်ဘာ ၂ ရက်‌‌ မနက်‌ပိုင်းက မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီယာဉ်ကို စွမ်းရည်ထက်ဆီဆိုင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်‌‌ကောင်‌စီယာဉ်ထိမှန်‌ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်လောက် သေနိုင်ပြီး ၇ ယောက်‌ေလာက် ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Monywa Peregrine People's Defence Force (အမဲလိုက်သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ) နဲ့အတူ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း-၁ MPDF၊ လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်၊ ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်၊ Generation Z People Defence Force တို့ ပူးပေါင်းဆောင်ရွက်‌ခဲ့ပါတယ်‌။

ဒီနေ့မနက်ပိုင်း မုံရွာ-မန္တလေးလမ်းပေါ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းကို ပြည်သူတွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ ဒေသကာကွယ်ရေးအဖွဲ့‌တွေက ထုတ်‌ပြန်‌ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013