DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် မြန်မာသံရုံးက ပတ်စ်ပို့အသစ်လုပ်သူများကို OWIC ကတ် တပါတည်းပြုလုပ်ပေးမည်
DVB
·
November 2, 2022
ဘန်ကောက် မြန်မာသံရုံးက ပတ်စ်ပို့အသစ်လုပ်သူများကို OWIC ကတ် တပါတည်းပြုလုပ်ပေးမည်
1 / 2
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို နိုဝင်ဘာလ ၇ ရက်က စပြီး PJ နိုင်ငံကူးလက်မှတ်အသစ်လုပ်သူတွေအနေနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) တပါတည်း လုပ်ဆောင်ခွင့်ရတော့မယ်လို့ ဘန်ကောက်မြို့ရှိ  မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ 

နိုဝင်ဘာလ ၇ ရက်ကစပြီး PJ နိုင်ငံကူးလက်မှတ်အသစ် လုပ်ဆောင်သူတွေကို PJ နိုင်ငံကူးလက်မှတ်အသစ်နဲ့ OWIC ကတ်တွေလုပ်ပေးမှာဖြစ်ပြီး ဒီအတွက် သတ်မှတ်ထားတဲ့ ဘန်ကောက် ဘဏ်ငွေစာရင်းအမှတ် ( 101-3-481922 ) သို့ ၁၀၅၀ ဘတ် (၈၀၀ ဘတ်  + ၂၅၀ ဘတ်) ပေးသွင်းထားတဲ့ ငွေသွင်းဖြတ်ပိုင်းနဲ့ PJ   နိုင်ငံကူးလက်မှတ်ဟောင်း ယူဆောင်လာဖို့ လိုအပ်မှာပါ။

နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ဖို့ ပုံစံမှာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မိသားစုဝင်အမည်၊  နေရပ် လိပ်စာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ အလုပ်သမားကုမ္ပဏီအမည်တို့ကို ပြည့်စုံ စွာ ဖြည့်စွက်ဖို့ လိုအပ်သလို PJ နိုင်ငံကူးလက်မှတ်အသစ်ကို မြန်မာသံရုံး (ဘန်ကောက်) မှာ ထုတ်ယူရမှာဖြစ်ပြီး OWIC ကတ်ကို မဟာချိုင်ရှိ TDCC ရုံးမှာ တပတ်အတွင်း   သွားရောက်ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံလုပ်သားတွေအတွက် စက်ရုံကိုယ်စားလှယ်တယောက်က စာရင်းနဲ့ အတူ တစုတစည်းတည်း TDCC ရုံးကို သွားရောက်ထုတ်ယူဖို့နဲ့ OWIC ကတ် လုပ်ငန်းစဉ်မှာ  မြန်မာပြည်မှာ နေထိုင်တဲ့ မိသားစုရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တို့ကို မှတ်တမ်းထားရှိမှာဖြစ်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ပါက လျော်ကြေး၊ နစ်နာကြေးကိစ္စတွေ ဆက်သွယ်ဆောက်ရွက်ဖို့ လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်ပြီး PJ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်သွားရောက် ပြုလုပ်ရန် မလိုအပ်ဘဲ မဟာချိုင်ရှိ TDCC ရုံးမှာ PJ နိုင်ငံကူးလက်မှတ်နဲ့အတူ ၂၅၀ ဘတ်ကို ပေးသွင်းပြီး နေ့ချင်းပြီး လုပ်ဆောင်နိုင်ပြီလို့ အသိပေးထားပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လက စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေအနေနဲ့ မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ OWIC ပါရှိမှသာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ၊ နယ်စပ်ဂိတ်တွေကတဆင့် ပြည်ပနိုင်ငံတွေကို သွားရောက်နိုင်မှာဖြစ်ပြီး OWIC သက်တမ်း ၅ နှစ်အတွင်း ခွင့်နဲ့ပြန်လာ ပြန်လည်ထွက်ခွာမယ် ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်ပြီး ပြည်ဝင် / ပြည်ထွက်များ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013