Home
မြန်မာသတင်း
ထားဝယ်တွင် နေအိမ်မီးလောင်ပြီး အဘွားအို ၁ ဦး သေဆုံး
DVB
·
November 2, 2022
311863801_1150523189173543_4507715529019080181_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ သမဝါယမလမ်းမှာ နိုဝင်ဘာ ၁ ရက် ညနေ ၃ နာရီခွဲလောက်က နေအိမ်တလုံးမီးလောင်ပြီး အသက် ၇၈ အရွယ် အဘွားအိုတယောက် မီးထဲပါကာ သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မီးလောင်သွားတဲ့အိမ်က စာရေးဆရာ မောင်လေးတင့်(ထားဝယ်)ရဲ့အိမ်ဖြစ်ပြီး လက်ဖက်အလုပ်ရုံ ဖွင့်လှစ်ထားပါတယ်။

မီးထဲပါသေဆုံးသွားသူဟာ အသက် ၇၈ နှစ်အရွယ် ဒေါ်သိန်း ဖြစ်ပြီး တခြားဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ်လို့ သိရပါတယ်။

ကညုံ ရပ်ကွက်နေသူတဦးက “မီးက ရပ်ရွာထဲ ဖြစ်တော့ အကုန်ရောက်လာပြီး ဝိုင်းငြှိမ်းလိုက်ကြလို့ တအိမ်တည်းနဲ့ မီးငြိမ်းသွားတယ်” လို့ ပြောပါတယ်။

မီးစတင်လောင်တာဟာ ဂတ်အိုးယိုစိမ့်မှုကြောင့်ဖြစ်ပြီး မြို့နယ်မီးသတ်က မီးသတ်ယာဉ် ၄ စီးနဲ့ ဇမ္ဗူသီရီကူညီကယ်ဆယ်ရေးအသင်းက မီးသတ်ယာဉ် ၂ စီးတို့နဲ့ ညနေ ၄နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထားဝယ်မြို့ နယ်၊ မီးသတ်ဦးစီးဌာနက သိရပါတယ်။ 

Photo- Dawei Fire Service Department

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024