Home
မြန်မာသတင်း
မီဇိုရမ်တွင် ခိုလှုံနေရသည့် စစ်ရှောင်ကလေးငယ်များ မြန်မာစာပေသင်ကြားရန် အခက်အခဲရှိ
DVB
·
November 2, 2022

ချင်းပြည်နယ်ထဲကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ စစ်ဘေးရှောင် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒေသခံတွေရဲ့ ကလေးငယ်တွေအနေနဲ့ မြန်မာစာပေ သင်ကြားလေ့လာဖို့ အခက်အခဲရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂ နှစ်နီးပါး ကြာလာတဲ့အချိန်မှာ စစ်ဘေးရှောင် မိသားစုတွေရဲ့ ကလေးငယ်အများစုက မီဇိုရမ်ပြည်နယ်အစိုးရက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေရတဲ့အတွက် မြန်မာပြည် ပြန်လာတဲ့အခါ ကလေးငယ်တွေအနေနဲ့ မြန်မာစာနဲ့ မြန်မာစကား မရတော့မှာကို မိဘတွေ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ကျောင်းအချိန်တိုက်ဆိုင်မှုတွေအရ ကိုယ်ထူကိုယ်ထအနေနဲ့ ဖွင့်လှစ်ထားတဲ့ NUG ပညာရေးကျောင်းကို တက်ဖို့လည်း စနေနေ့တရက်ပဲ အချိန်ရတဲ့အတွက် အဲဒီတနေ့မှာတော့ မြန်မာစာကို ဖိဖိစီးစီး သင်ပေးနေပြီး နောင်တချိန် မြန်မာပြည်ပြန်လို့ရတဲ့ အခါကျရင် မြန်မာပြည်ကကျောင်းတွေမှာ ကျောင်းပြန်တက်ဖို့ ကလေးတွေအနေနဲ့ ဘာသာစကား အခက်အခဲ ကြုံလာရနိုင်တယ်လို့ စေတနာ့ဝန်ထမ်း ကူညီစာသင်ပေးနေတဲ့ စစ်ဘေးရှောင် ချင်းတိုင်းရင်းသားတယောက်က ပြောပါတယ်။

ဒေသတွင်း ရင်းမြစ်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ချင်းပြည်နယ်ကနေတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ ချင်းလူမျိုး စစ်ဘေးရှောင် ၅၀၀၀၀ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024