DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် စစ်တပ်နှင့် ပျူစောထီးစခန်း စီးနင်းတိုက်ခိုက်ခံရ၊ ကလေးမြို့တွင် စစ်ကား ၂ စီးကို PDF တိုက်ခိုက်
DVB
·
November 2, 2022
မင်းကင်းတွင် စစ်တပ်နှင့် ပျူစောထီးစခန်း စီးနင်းတိုက်ခိုက်ခံရ၊ ကလေးမြို့တွင် စစ်ကား ၂ စီးကို PDF တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ရှဲကျေးရွာနဲ့ သေမသောက်ကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစခန်းကို နိုဝင်ဘာ ၁ ရက် မနက် ၅ နာရီလောက်မှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (Student's Revolutionary Force - SRF) က စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ မိနစ် ၃၀ လောက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅ ယောက်သေဆုံးကာ ကာဘိုင် M2 အမျိုးအစား သေနတ် ၃ လက်ကိုလည်း သိမ်းယူရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။

ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က “စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ အထိုင်ချထားတဲ့ ရွာက တပ်စခန်းကို ဝင်တိုက်တာပါ။ ရန်သူဘက်က ၅ ကောင်သေတာတော့ သေချာပေါက် အတည်ပြုနိုင်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က ပျူအဖွဲ့ဝင်တွေကို လက်နက်ကိုယ်စီ တပ်ဆင်ပေးထားတာ။ အဲ့ဒီမှာ သေတဲ့ကောင်တွေဆီက ကာဘိုင် ၃ လက်ကိုတော့ သိမ်းယူနိုင်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပြီး ပစ်ခတ်တာရှိတယ်” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) မှ တပ်ရင်း-၁ နဲ့ တပ်ရင်း-၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် ၂ ယောက် လက်မောင်းနဲ့ ပခုံးတို့မှာ မစိုးရိမ်ရ ဒဏ်ရာကိုယ်စီ ရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေဟာ ဒေသတွင်းရှိ ကျေးရွာတွေကို အထိုင်ချ တပ်စွဲကာ သူတို့ကို ထောက်ခံသူတွေကို အင်အားအသစ်အဖြစ် စုဆောင်းတာတွေနဲ့ အခြေခံစစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးတာတွေလည်း ပြုလုပ်နေပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ဘက်အထွက် ကလေး-ကလေးဝ ကားလမ်းမပေါ် ဖောင်ကူးတံတားအနီးမှာ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက ကလေး PDF အဖွဲ့ဝင်တွေက စစ်ကောင်စီစစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ဘက်ကနေ မြောက်ပိုင်းဘက် ထွက်လာတဲ့ စစ်ကား ၂ စီးကို ကလေး PDF အဖွဲ့ဝင်‌တွေက အသင့်တပ်ဆင်ထားတဲ့ မိုင်း ၃ လုံးဆွဲပြီး တိုက်ခိုက်ခဲ့ရာ စစ်ကားတစီး လမ်းဘေးထိုးကျသွားကာ ကားပေါ်ပါ စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး မိမိတို့ အဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လမ်းသွာလမ်းလာ ခရီးသွား ဒေသခံအမျိုးသား ၂ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသလို ဒေသခံတွေကလည်း ဒီဗွီဘီကို ပြောပါတယ်။

သုံးဘီးဆိုက်တွဲမောင်းနှင်လာတဲ့ ဦးကျော်စိုးနဲ့ သုံးဘီးပေါ် စီးနင်းလိုက်ပါလာတဲ့ ဦးယုန္ဒာကျော်တို့ ၂ ယောက် မိုင်းစထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိကာ ကလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

ကလေး PDF အဖွဲ့ဝင်တွေက စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်လို့ ဆိုပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို ကလေး PDF အဖွဲ့ဝင်တွေ အနေနဲ့လည်း မိုင်းစထိမှန်ထားတဲ့‌ အမျိုးသား ၂ ယောက်အတွက် ဘယ်လိုတာဝန်ယူ ဖြေရှင်းသွားမယ် ဆိုတာကိုတော့‌ ထုတ်ပြန်ပြောကြားတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013