Home
မြန်မာသတင်း
တမူးတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ် ၁ လုံးပျက်စီး
DVB
·
November 1, 2022
313430845_644254490676557_777774221186094721_n
Tamu

စစ်ကိုင်းတိုင်း၊ တမူးမြို့၊‌ စော်ဘွား ၄ ရပ်ကွက်မှာ အောက်တိုဘာ ၃၁ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တအိမ် ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မနေ့ကမနက်ပိုင်း ဂစ်ဟေးလက်ဘက်ရည်ဆိုင် အရင်ဆိုင်အနီး ရုပ်သံကျော်ကျော်ဆိုင်ရဲ့ အိမ်ဘေးကို လက်နက်ကြီးထိမှန်ပြီး အိမ်တခြမ်းပျက်စီးတယ်၊ လူကတော့ ထိခိုက်တာမျိုးမရှိဘူး” လို့ ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက် ညနေပိုင်း တမူးမြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နေထိုင်ရာ တပ်ကုန်းနဲ့ မြေနီကုန်းဘက်ကနေ မြို့တွင်းကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မနေ့ညနေ ၅ နာရီဝန်းကျင်ကလည်း အာရှလမ်းဘေး စစ်ကောင်စီတပ်တွေ စစ်ဆေးတဲ့နေရာမှာ ဒေသခံတယောက်ရဲ့ ဆိုင်ကယ်တူးဘောက်ထဲထည့်ထားတဲ့ ပိုက်ဆံ ၃၅,၀၀၀ ကို အတင်းအဓမ္မ ယူထားလိုက်သေးတယ်လို့ စစ်ဆေးခံရသူနဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024